ပြောင်းရွှေ့ကြေး အသုံးကြမ်းတဲ့ ဆော်ဒီကလပ်တွေကနေ ဥရောပဘောလုံးလောကကို ခြိမ်းခြောက်တယ်ဆိုတဲ့ အယူအဆကို ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဆန်ဒါ ဆယ်ဖာရင် ပယ်ချ

ပြောင်းရွှေ့ကြေး အသုံးကြမ်းတဲ့ ဆော်ဒီကလပ်တွေကနေ ဥရောပဘောလုံးလောကကို ခြိမ်းခြောက်တယ်ဆိုတဲ့ အယူအဆကို ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဆန်ဒါ ဆယ်ဖာရင် ပယ်ချ

ဆော်ဒီအာရေးဗီးယားကလပ်တွေဆီ ကစားသမားများ ပြောင်းရွှေ့ခြင်းကို ဥရောပဘောလုံးဘောကအနေနဲ့ မကြောက်သင့်ကြောင်း ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဆန်ဒါ ဆယ်ဖာရင်က တနင်္ဂနွေနေ့မှာ ပြောကြားပြီး နိုင်ငံအနေနဲ့ သူတို့ရဲ့ ကစားသမားဘဝကုန်ဆုံးချိန်မှာ ကြယ်ပွင့်တွေထံမှာ ရင်းနှီးမြုပ်နှံမှု မှားယွင်းကြောင်း မှတ်ချက်ချလိုက်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကာရင် ဘင်ဇီမာတို့ဟာ ဒီနှစ်အတွင်း ဆော်ဒီအာရေးဘီးယားကလပ်အသင်းနဲ့ ပူးပေါင်းရာမှာ ဒေါ်လာသန်းရာနဲ့ ချီ ရယူခဲ့ပြီး လီယွန်နယ် မက်ဆီနဲ့ လူကာမိုဒရစ်တို့ကို အလားတူကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့တွေဟာ ၂၀၀၈ ကတည်းက ဘလွန်းဒီအော်ဆုတိုင်းကို ရယူနိုင်ခဲ့ပြီး သူတို့အားလုံးဟာ အနည်းဆုံး အသက် ၃၅ နှစ်ရှိပြီဖြစ်ပါတယ်။

အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန် ဦးဆောင်တဲ့ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဖြင့် အချုပ်အခြာ ဓနဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အများစုကို ပိုင်ဆိုင်ခွင့် ရယူလိုက်တဲ့အခါ ဆော်ဒီအာရေးဗီးယား ထိပ်သီးကလပ်လေးသင်းကို ဒီလအတွင်း ပြည်သူပိုင်အဖြစ် ထိထိရောက်ရောက် ထိမ်းချုပ်ခဲ့ပြီးနောက် နောက်ထပ်ကစားသမားတွေ ရောက်ရှိလာဖို့ မျှော်လင့်ရပါတယ်။

နယ်သာလန်ရုပ်သံလိုင်း NOS က ဆယ်ဖာရင်ကို ကစားသမား အပြုံလိုက်ထွက်ခွာမှာကို ကြောက်သလားလို့ မေးမြန်းခဲ့ပြီး သူက “မကြောက်ပါဘူး”လို့ လေးနက်စွာ ဖြေကြားခဲ့ပါတယ်။

“အဓိကကတော့ ဆော်ဒီအာရေးဗီးယားဘောလုံးလောကအတွက် အမှားတစ်ခုလို့ ကျနော်ထင်ပါတယ်” လို့ ယူအီးအက်ဖ်အေဥက္ကဋ္ဌက တနင်္ဂနွေနေ့က ထုတ်လွှင့်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

"ဒါက ဘာလို့ သူတို့အတွက် ပြဿနာတစ်ခုဖြစ်ရတာလဲ။ သူတို့ဟာ အကယ်ဒမီတွေမှာ ရင်းနှီးမြုပ်နှံသင့်တာကြောင့်ပါ။ သူတို့ဟာ နည်းပြတွေ ခေါ်ယူလာသင့်ပြီး သူတို့ရဲ့ ကိုယ်ပိုင်ကစားသမားတွေကို ပြုစုပျိုးထောင်သင့်တယ်။”

“သူတို့ရဲ့ ကစားသမားဘ၀ ကုန်ဆုံးလုနီးပါး ကစားသမားတွေကို ဝယ်ယူတဲ့ စနစ်ဟာ ဘောလုံးလောကကို ဖွံ့ဖြိုးတိုးတက်စေမယ့် စနစ် မဟုတ်ပါဘူး”လို့ သူက ပြောပါတယ်။ “သူတို့တွေအားလုံးအနေနဲ့ သူတို့ရဲ့ ကစားသမားဘဝ ကုန်ဆုံးသွားတဲ့ ကစားသမားတွေကို ခေါ်ယူလိုက်တဲ့အခါ ဒါက တရုတ်နိုင်ငံမှာ အလားတူ အမှားအယွင်းတွေ လုပ်ခဲ့တာမျိုးပါ။”လို့ ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly