အိန္ဒိယ အမျိုးသမီးရေးရာ တာဝန်ခံအမျိုးသမီး မုဒိမ်းကျင့်ခံရသူနှင့် ပြံုးပြုံးလေးဆက်ဖီအရိုက်ကောင်း၍ ရာထူးက နုတ်ထွက်ရ

အိန္ဒိယ အမျိုးသမီးရေးရာ တာဝန်ခံအမျိုးသမီး မုဒိမ်းကျင့်ခံရသူနှင့် ပြံုးပြုံးလေးဆက်ဖီအရိုက်ကောင်း၍ ရာထူးက နုတ်ထွက်ရ

နယူးဒေလီ၊ ဇူလိုင် ၃ ။             ။ အိန္ဒိယနိုင်ငံ အမျိုးသမီးရေးရာကော်မရှင်မှ တာဝန်ရှိအမျိုးသမီးတစ်ဦးသည် မုဒိမ်းပြုကျင့်ခံရသည့် အမျိုးသမီးတစ်ဦးထံ သွားရောက်တွေ့ရာတွင် ပြုံးကာရယ်ကာဖြင့် ဆက်ဖီတွဲရိုက်ခဲ့ရာမှ နောက်ပိုင်း ကော်မရှင်ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးထံ ဇွန် ၂၉ ရက်က ရဲစခန်းသို့ သွားရောက်တွေ့ဆုံရာ၌ ရာဂျာစတန်ပြည်နယ်အမျိုးသမီးရေးရာ ကော်မရှင်နာဖြစ်သူ ဆိုမယာဂါဂျာနှင့် အမျိုးသမီးများအရေး တက်ကြွလှုပ်ရှားသူအခြားအမျိုးသမီးတစ်ဦးတို့က ပြုံးရယ်လျက် ဆက်ဖီတွဲရိုက်နေခဲ့သည့် ပုံက ဖုန်းမက်ဆေ့ချ် WhatsApp ကတစ်ဆင့် စပျံ့သွားခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုမှာ လက်ထပ်ထိမ်းမြားချိန်က သတို့သားအတွက် အသွင်းပစ္စည်းဥစ္စာအဖြစ် ရူပီး ၅၁၀၀၀ (အမေရိကန်ဒေါ်လာ ၇၅၅ ဒေါ်လာခန့်) တင်မတောင်းနိုင်ခဲ့သည့် ယင်းအမျိုးသမီးကို ၎င်း၏ လင်ယောက်ကျားဖြစ်သူကိုယ်တိုင်နှင့် အဖော်နှစ်ယောက်တို့က ဝိုင်းဝန်း မုဒိမ်းပြုကျင့်ကာ အရှက်ရစေရန်လည်း နဖူးနှင့် လက်တို့တွင် တက်တူးမင်ကြောင်များ ထိုးပေးခဲ့ကြခြင်းဖြစ်သည်။

အမျိုးသမီးရေးရာနေရှင်နယ်ကောင်စီရာထူးက ယခု နုတ်ထွက်လိုက်ပြီးဖြစ်သည့် ဆိုမယာက ထိုသားမယားပြုကျင့်ခံရသည့် အမျိုးသမီးနှင့် တွေ့ဆုံချိန်က ပြုံးရယ်လျက် ဆက်ဖီရိုက်ခဲ့ခြင်းဖြစ်သည်။

ဆိုမယာက ပြောရာ၌ ထိုအမျိုးသမီးက ကင်မရာကို စိတ်ဝင်စားပုံရှိရာ ဆက်ဖီရိုက်ပေးရင်း စိတ်သက်သာရာရ ပုံမှန်လိုဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။ “သူကလည်း ကျွန်မကို ဓာတ်ပုံပြန်ရိုက်ပေးခဲ့တာပါပဲ။ သူ့ပုံကို ရိုက်တယ်ဆိုတာက သူအတွက် နွေးထွေးမှုကို ပြပြီး သက်သက်သာသာ ဖြစ်အောင်လို့ပါ။ သူကလည်း တောင်းဆိုလို့ ရိုက်ပေးတာလည်း ပါတယ်။ သူနဲ့ လူလူချင်း ဖေးဖေးမမ ဆက်ဆံတဲ့ပုံမျိုးရောက်အောင် ကြိုးစားခဲ့တာပဲဖြစ်တယ်။”ဟု ဆိုမယာက ပြောသည်။

သို့သော်လည်း ယင်းဆက်ဖီပုံက အိန္ဒိယလူမှုမီဒီယာ၌ စိတ်ဆိုးဒေါသဖြင့် သောသောညံအောင် ဝေဖန်မှုများ ဖြစ်ပွားသွားစေခဲ့သည်။ အထူးသဖြင့် မုဒိမ်းပြုကျင့်ခံရသူများ မည်သူမည်ဝါဖြစ်ကြောင်း အများပြည်သူ သိစေခြင်းကို အိန္ဒိယနိုင်ငံတွင် တားမြစ်ထားခြင်းဖြစ်ရာ ဥပဒေကို ဆန့်ကျင်ချိုးဖောက်ခြင်းအဖြစ် ဝေဖန်ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required