မလေးရှားဝန်ကြီးချုပ်နှင့် ဆက်နွယ်နေသည့် ဘဏ်စာရင်း၆ခုကို အထူးစုံစမ်းရေးတပ်ဖွဲ့က ထိန်းချုပ်ထား

မလေးရှားဝန်ကြီးချုပ်နှင့် ဆက်နွယ်နေသည့် ဘဏ်စာရင်း၆ခုကို အထူးစုံစမ်းရေးတပ်ဖွဲ့က ထိန်းချုပ်ထား

ကွာလာလမ်ပူ၊ ဇူလိုင်-၇ ။      ။ ရန်ပုံငွေများကို မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်ထံသို့ လွှဲပို့ခဲ့သည်ဟူသော စွပ်စွဲမှုများနှင့် ပတ်သက်နေသည့် ဘဏ်စာရင်း၆ခုကို ထိန်းချုပ်ထားလိုက်ပြီဖြစ်သည်။ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့က ပူးတွဲကြေညာချက်တစ်ရပ်တွင် ဘဏ်စာရင်းများကို ထိန်းချုပ်ထားရန် အမိန့်ကို ဇူလိုင်လ ၆ရက်က ထုတ်ပြန် ခဲ့ကြောင်း ဖော်ပြခဲ့သည်။

"အထူးတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေကို အထောက်အကူဖြစ်ဖို့ ဘဏ်နှစ်ခုက ဘဏ်စာရင်း ၁၇ခုနဲ့ပတ်သက်တဲ့ စာရွက်စာ တမ်းတွေကို ရယူထားပါတယ်။ မလေးရှားဘဏ်စည်းမျဉ်းနဲ့ မကိုက်ညီတဲ့ စာရွက်စာတန်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်’’ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။  

ယခုလက်ရှိတွင် စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး၊ စုံစမ်းစစ်ဆေးမှု ပြီးမြောက်သွားစေရန်အတွက် သက်ဆိုင်သူအသီးသီးက ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း အထူးတပ်ဖွဲ့က တိုက်တွန်းထားသည်။

Wall Street ဂျာနယ်နှင့် Sarawak Report ဝဘ်ဆိုက်တို့က ဇူလိုင်လ ၃ရက်နေ့က အမည်မဖော်သည့် စုံစမ်းစစ်ဆေးရေး အရာရှိတစ်ယောက်ကို ကိုးကားဖော်ပြရာတွင် အကျပ်အတည်းတွေ့နေသည့် မလေးရှားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ 1Malaysia Development Berhad’s (1MDB)၏ ရံပုံငွေမှ ကန်ဒေါ်လာ သန်း၇၀၀နီးပါးမှာ မစ္စတာ နာဂျစ်ရာဇက်၏ ပုဂ္ဂလိက ဘဏ်စာရင်း ထဲသို့ စီးဝင်သွားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

1MDB က မည်သည့်ရံပုံငွေမျှ မစ္စတာ နာဂျစ်၏ ဘဏ်စာရင်းထဲသို့ လွှဲပို့ခဲ့ခြင်းမရှိခဲ့ကြောင်း အကြောက်အကန် ငြင်းဆန်နေချိန် တွင် ဝန်ကြီးချုပ်ရုံးကလည်း ထွက်ပေါ်နေသည်သတင်းများမှာ နိုင်ငံရေး သိက္ခာချမှုသက်သက် သာဖြစ်ကြောင်း ပြောကြားနေခဲ့ သည်။

နာဂျစ်ကလည်း စွပ်စွဲချက်များကို ငြင်းပယ်ခဲ့ပြီး စွပ်စွဲချက်များမှာ သူ့ကိုဖြုတ်ချရန်ကြိုးစားနေသည့် အတိုက်အခံများ၏ နိုင်ငံရေး လုပ်ကြံမှု =မျှသာဖြစ်ကြောင်း အခိုင်အမာပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly