ဆိုးလ်၊ ဇွန် ၁၆ ။ ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ EXO သည် တတိယမြောက် “ EXO PLANET #3 The EXO’rDIUM”!” ကို ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
EXO အဖွဲ့၏ ထပ်မံကျင်းပမည့် ပြည်တွင်း ဖျော်ဖြေပွဲရက်များကို SM Entertainment က ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ စုစုပေါင်း ရှိုးပွဲငါးပွဲပါဝင်သော ဖျော်ဖြေပွဲကို ဆိုးလ်မြို့ရှိ Olympic Park Gymnastics အားကစားကွင်းတွင် ဇူလိုင် ၂၃ ၊ ၂၄ ၊ ၂၉ ၊ ၃၀ နှင့် ၃၁ ရက်တို့တွင် ကျင်းပသွားမည် ဖြစ်သည်။
ဇူလိုင် ၂၃ ရက် နှင့် ၂၄ ရက်တွင် ကျင်းပမည့် ဖျော်ဖြေပွဲ လက်မှတ်များကို ဇွန် ၂၁ ရက် ကိုရီး ယားစံတော်ချိန် ည ၈ နာရီအချိန်တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ဖျော်ဖြေပွဲလက် မှတ်များကို ဇွန် ၂၃ ရက်က ကိုရီးယားစံတော်ချိန် ည ၈ နာရီအချိန်တွင် Yes24 ဝက်ဆိုက်ဒ်မှ တစ်ဆင့် ရောင်းချပေးသွားမည် ဖြစ်သည်။
EXO အဖွဲ့သည် ၎င်းတို့၏ တတိယမြောက် တေးအယ်လ်ဘမ် “EX’ACT” ဖြင့် နောက်တစ်ဖန် အောင်မြင်ကျော်ကြားမှုရရှိခဲ့ပြီး ယင်းတေးအယ်လ်ဘမ်သည် အချပ်ရေ ၆၆၀ ၀၀၀ ကြိုတင်မှာယူ ရောင်းချခဲ့ရသည်။ “Monster” နှင့် “Lucky One” ခေါင်းစဉ်တေးသီချင်းမျာသည် ဇွန်လ ၉ ရက်က ထွက်ရှိပြီးနောက်ပိုင်း ကိုရီးယားနှင့် ပြည်ပနိုင်ငံများရှိ တေးဂီတဇယားများတွင် ကြီးစိုးလျက်ရှိသည်။