xXx ဇာတ်ကားတွင် နေမာပါဝင်သရုပ်ဆောင်မည်

xXx ဇာတ်ကားတွင် နေမာပါဝင်သရုပ်ဆောင်မည်

ဇွန် ၅၊ အမေရိကန်။           ။ ဘာစီလိုနာတိုက်စစ်မှူးနေမာသည် ဟောလိဝုဒ်ရုပ်ရှင်ကားတစ်ကားဖြစ်သည့် xXx ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်မည်ဖြစ် သည်။

ဘရာဇီးလက်ရွေးစင်တိုက်စစ်မှုးအနေဖြင့် ၂၀၁၇ ဇန်နဝါရီတွင်စတင်ပြသမည့် xXx:The Return of Xander Cage ဇာတ်ကား တွင်ပါဝင်မည်ဟု အတည်ပြုခံခဲ့ရခြင်းဖြစ်သည်။

ဇာတ်ကားတွင် ဇန်ဒါကေ့ချ်အဖြစ်ပါဝင်သရုပ်ဆောင်မည့် ဗန်ဒီဆယ်က နေမာသည် ပထမရက်ကိုပင် ရိုက်ကူးပြီးစီးခဲ့ပြီးဖြစ်သည် ဟု လူမှုကွန်ယက် အင်စတာဂရမ်တွင် အတည်ပြုခဲ့သည်။

ဗန်ဒီဆယ်၏ တရားဝင် facebook page မှ တိုက်ရိုက်ထုတ်လွှင့်မှုတွင်လည်း နေမာပါဝင်ခဲ့သေးသည်။ တတိယမြောက် xXx ဇာတ်ကားတွင် ဆင်မြူရယ်အယ်လ်ဂျက်ဆင်နှင့် ရူဘီရို့စ်တို့လည်း ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်သည်။

နေမာသည် လက်ရှိတွင် အမေရိကန်နိုင်ငံ၌ရောက်ရှိနေသော်လည်း ကိုပါအမေရိကဖလားပြိုင်ပွဲကစားမည်မဟုတ်ဘဲ ဘရာဇီး နိုင်ငံတွင်ကျင်းပမည့် ရီယိုအိုလံပစ်ပြိုင်ပွဲမှသာ ပါဝင်ကစားမည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly