အိန္ဒိယ၏ ဒေါ်လာ ၇ ထရီလီယံ စီးပွားရေး အိပ်မက်ကြောင့် စတော့အိတ်ချိန်းအညွှန်းကိန်းများ မြင့်တက်

By Times of India
13 December 2023
အိန္ဒိယ၏ ဒေါ်လာ ၇ ထရီလီယံ စီးပွားရေး အိပ်မက်ကြောင့် စတော့အိတ်ချိန်းအညွှန်းကိန်းများ မြင့်တက်

BSE India (ဘုံဘေစတော့အိတ်ချိန်အိန္ဒိယ) ၏ စုစုပေါင်းဈေးကွက် မတည်ငွေသည် အမေရိကန်ဒေါ်လာ ၄ ထရီလီယံ ကျော်သွားပြီး ဂျီဒီပီကလည်း ဒေါ်လာ ၄ ထရီလီယံ နှုန်းထား ပတ်လည်တွင် ရှိသည်။

အမှန်အားဖြင့် ယင်းသို့ ဖြစ်လာသည့် အခိုက်အတန့်အတွက် အောင်ပွဲခံရမည်သာ ဖြစ်သည်။ လက်ရှိ မေးသင့်သည့် မေးခွန်းက အနာဂတ်ကို မည်သို့ မှန်းမျှော်ကြည့်ကြမလဲဆိုခြင်းနှင့် ယနေ့ ကမ္ဘာနှင့် အိန္ဒိယက မည်သို့ ယှဉ်ပြိုင်မလဲဆိုခြင်းပဲ ဖြစ်တော့သည်။

အိန္ဒိယ၏ သိသာထင်ရှားမှု

ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြုပ်နှံသူများ၏ ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှု အစုစုသည် အမေရိကန်၊ ဥရောပ၊ တရုတ်နှင့် ထွန်းသစ်စဈေးကွက်များဆီ ပြန့်ကျဲနေသည်။ ထွန်းသစ်စ ဈေးကွက်များအတွင်း အိန္ဒိယသည် ဖွံ့ဖြိုးမှုအရ ပေါ်လွင်ထင်ရှားပြီး အခြားသော နိုင်ငံများ၏ ရှေ့က ဦးဆောင်နေသည်။

အိန္ဒိယနိုင်ငံသည် မိုင် ၁၀၀ တိုင်း၌ ဘာသာစကား အမျိုးမျိုး၊ စားသောက်နေထိုင်ပုံ အစုံစုံနှင့် ရင်းနှီးမြုပ်နှံမှု ပုံစံမျိုးစုံဖြင့်  ကွဲပြားခြားနားလွန်းသော အားမာန်ပြည့်သည့် နိုင်ငံပဲ ဖြစ်သည်။

သို့ရာတွင် ကမ္ဘာ့ရင်းနှီးမြုပ်နှံသူများ၏ အမြင်အတွက် အရေးပါသော အခြေအနေ သုံးရပ် ရှိထားသည်။ ပထမအခြေအနေမှာ နိုင်ငံရေးတည်ငြိမ်မှု ဖြစ်သည်။ ဒုတိယက အားပေးထောက်ပံ့မှုရှိသော မူဝါဒများဖြစ်ပြီး တတိယမှာ အလွန်အားကောင်းသော ဗဟိုဘဏ်နှင့် ဘဏ်စနစ်နှင့်အတူ တည်ငြိမ်သော ငွေကြေးတို့ပဲ ဖြစ်သည်။

လက်ရှိအချိန်သည် အိန္ဒိယအတွက် နိုးကြွားမှု ဖြစ်တန်ခြေအရှိဆုံး အချိန်ပဲ ဖြစ်တော့သည်။

အခြားနိုင်ငံများကဲ့သို့ မဟုတ်ဘဲ အိန္ဒိယတွင် 5D advantage (ဒီငါးလုံး အကျိုးအမြတ်) ရှိထားသည်။

5D Advantage

၁။ Debt (ကြွေးမြီ)- ဗဟိုအစိုးရ၏ အသားတင်ကြွေးမြီက ဂျီဒီပီ၏ တရာခိုင်နှုန်းအစုသာ ရှိထားရာ အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ၁၀၀ ရာခိုင်နှုန်းကျော် ရှိခြင်းကြောင့် တည်ငြိမ်မှု ၈၂ ရာခိုင်နှုန်း ရှိသည်။

၂။ Deglobalisation (ဂလိုဘယ်လိုက်ဇေးရှင်း မဆန်မှု)- တရုတ်၏ ‘China Plus One’ ကုန်ထုတ်လုပ်မှု ဦးတည်ချက်များက အိန္ဒိယတွင် နေရာ မရပေ။

၃။ Digitization - ဒီဂျစ်တယ်ဇေးရှင်းက ဘဏ္ဍာရေး ထောက်ကူမှု၊ ဖွံ့စည်းမှုနှင့် ပိုမိုထိရောက်မှုများကို ကူညီအားဖြည့်သည်။

၄။ Deregulation (စည်းမျဉ်းပြေလျော့မှု) - နိမ့်ပါးသော မတည်ငွေနှင့် မျိုးစုံသော အဆက်မပြတ် ပြုပြင်ပြောင်းလဲမှုများက အိန္ဒိယကို ငါးနှစ်နှင့် ဆယ်နှစ်အတွင်း ပြုပြင်ပြောင်းလဲရေး၌ အထောက်အကူဖြစ်စေသည်။

၅။ Demographic - လူငယ်ဦးရေ အများဆုံး ဖြစ်ခြင်းပင်ဖြစ်သည်။

အခွင့်အလမ်း

လာမည့် ဆယ်စုနှစ်တွင် အိန္ဒိယသည် ဂျီဒီပီ ဒေါ်လာ ၅ ထရီလီယံနှင့် အလွန်သို့ ရှေရှုနေပြီး ကဏ္ဍမျိုးစုံက ယင်းကို ဦးတည်ခြေလှမ်းနေကြသည်။ အိန္ဒိယအစိုးရကလည်း နိုင်ငံ၏ ယှဉ်ပြိုင်နိုင်မှု စွမ်းရည် တိုးတက်ရေးအတွက် အမာနှင့် အပျော့ အခြေခံအဆောက်အအုံ နှစ်ရပ်စလုံးတွင် မှန်ကန်စွာ သုံးစွဲလျက် ရှိနေသည်။ ကော်ပိုရိတ်အခွန်မှာလည်း အခြားသော အာရှနိုင်ငံများထက် ကောင်းမွန်သာလွန်သည်။ လူဦးရေများပြားပြီး ပထဝီအနေအထား ကောင်းမွန်သည့် အိန္ဒိယသည် လက်ရှိတွင် အားလုံးအတွက် အသင့်စားသုံးသူဈေးကွက် ဖြစ်လာပြီ ဖြစ်သည်။

ဖွံ့ဖြိုးမှုသို့ ဦးတည်မည့် အချို့သော ကဏ္ဍများမှာ ဘဏ်လုပ်ငန်း၊ စားသုံးကုန်နှင့် ကားထုတ်လုပ်ရေးတို့ ဖြစ်သည်။ အိုင်တီနှင့် ဆေးဝါးလုပ်ငန်းကလည်း အားကောင်းသည့် ကဏ္ဍများ ဖြစ်နေဦးမည် ဖြစ်သည်။

China Plus One မဟာဗျူဟာသည် အများစုသော ရင်းနှီးမြုပ်နှံသူများအတွက် အဓိက ကျနေပြီး အိန္ဒိယတွင် ဂလိုဘယ်လိုက်ဇေးရှင်း မဆန်မှု လားရာက အကျိုးအမြတ်ကြီးသော စက်မှုလုပ်ငန်းများအတွက် တရုတ်မှ ဖယ်ခွာစေသည်။ အိန္ဒိယတွင် Apple ၏ ကာလရှည် ရင်းနှီးမြုပ်နှံမှု အစီအစဉ်များက အရေးကြီးကြောင်းကို မြင်ထားသိထာ့းပြီး ဖြစ်သည်။ အခြားသော အကျိုးအမြတ်များသည့် ကဏ္ဍများမှာ ဓာတုလုပ်ငန််းနှင့် ကာကွယ်ရေးတို့ပဲ ဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာတွင် အလျင်မြန်ဆုံး စီးပွားရေး ဖွံ့ဖြိုးသည့် နိုင်ငံတနိုင်ငံအဖြစ် ဆက်ရှိနေနိုင်သည်။

အစမှတ်

အိန္ဒိယသည် လာမည့် ရှစ်နှစ်၊ ဆယ်နှစ်အတွင်း တတိယစီးပွားရေး အကြီးဆုံးနိုင်ငံဖြစ်ရန် အစမှတ်တွင် ရှိနေသည်။ ထိုအတွက် ဘုံဘေစတော့အိတ်ချိန်း၌ စတော့အိတ်ချိန်းအညွှန်းကိန်း ၇၀,၀၀၀ အထိ ရှိသည်ကို လေ့လာသုံးသပ်ရင်း လာမည့် ဆယ်စုနှစ်များ၌ အိန္ဒိယသည် ဒေါ်လာ ၇ ထရီလီယံ စီးပွားရေး ဖြစ်လာတော့မည်ကို မျှော်လင့်စောင့်စားရတော့မည် ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly