အာနိုးရှာဇင်ဝင်းဂါးရဲ့ကား ဆင်လိုက်ခံရ

အာနိုးရှာဇင်ဝင်းဂါးရဲ့ကား ဆင်လိုက်ခံရ

လော့စ်အိန်ဂျလိစ်၊ ဇွန် ၂ ။              ။ ဟောလီးဝုဒ် သရုပ်ဆောင်မင်းသားကြီး အာနိုးရှာဇင်ဝင်းဂါးသည် တောင်အာဖရိကရှိ ဆာဖာရီ ဥယျာဉ်သို့ သွားရောက်စဉ် ၎င်းတို့ ကားနောက်သို့ ဆင်တစ်ကောင် ပြေးလိုက်ခဲ့ကြောင်း သတင်းတစ် ရပ်တွင် ဖော်ပြထားသည်။

ရှာဇင်ဝင်းဂါးသည် ဆင်နှင့်ထိပ်တိုက်ရင်ဆိုင်ခဲ့ရပုံများကို ရိုက်ကူးခဲ့ပြီး ဇွန် ၁ ရက်က ယင်း ဗီဒီယိုဖိုင်ကို လူမှုရေးမီဒီယာတွင် ဖော်ပြခဲ့ရာ  ဆင်သည် ကားကို ရှောင်၍မသွားခင် အာနိုးရှာဇင်းဝင်း ဂါး စီးလာသောကားနားသို့ ကနဦး ချဉ်းကပ်ခဲ့ကြောင်း တွေ့ရသည်။

ယာဉ်မောင်းနှင့် လမ်းညွန်တို့က ဒီလိုမျိုးဆင်တွေ ချည်းကပ်တာဟာ ပုံမှန်ဖြစ်နေကျ ဖြစ်ရပ် တစ်ခုဖြစ်ကြောင်း ဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။

ယာဉ်မောင်းသည် ဆင်ကို ရှောင်ရှားရန်အတွက် ကားကို ပြန်လှည့်ရန် အင်ဂျင်ကို နှိုးချိန်တွင် ဆင်က ကားနောက်ကို လိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်အာဖရိက သတင်းမီဒီယာတစ်ခုဖြစ်သော Independent အွန်လိုင်းတွင် ဖော်ပြထားသည်။

အာနိုးရှာဇင်ဝင်းဂါးသည် ၎င်း၏ ခရီးသွားမှတ်တမ်း ဗီဒီယိုဖိုင်ကို အင်စတာဂရမ်တွင် တင်ခဲ့ သည်။ ဗီဒီယိုဖိုင်တွင် အားနိုးရှာဇင်ဝင်းဂါးသည်  ကွယ်လွန်သွားပြီဖြစ်သော သမ္မတဟောင်း နယ်လ် ဆင်မင်ဒဲလား၏ နေအိမ်သို့ သွားရောက်ခဲ့ပုံများနှင့် အိမ်မွေးခြင်္သေ့တစ်ကောင်နှင့် အတူ ဓာတ်ပုံရိုက် ခဲ့သည့် ပုံများကိုလည်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly