သိမ်းဆည်းမြေတွေ ပြန်ပေးဖို့ ပထမရက် ၁၀၀မှာ ဥပဒေရေးဆွဲမယ်

သိမ်းဆည်းမြေတွေ ပြန်ပေးဖို့ ပထမရက် ၁၀၀မှာ ဥပဒေရေးဆွဲမယ်

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

 မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ။ ကျွန်တော်တို့ အင်တာဗျူးအစီအစဉ်မှာ ပူးပေါင်းပါဝင်ပြီး တော့ ဖြေကြားပေးမယ့်သူကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော် ဝန်ကြီးကို ပထမဆုံး မေးခွန်း မေးချင်ပါတယ်။ ဝန်ကြီးတို့ ဝန်ကြီးဌာန အနေနဲ့ ဒီရက် ၁၀၀ စီမံကိန်းမှာ တောင်သူလယ်သမားတွေ မွေးမြူစိုက်ပျိုးရေး သမားတွေကို ဘာတွေများ အစီစဉ် ရှိပါသလဲ ခင်ဗျာ။

ဝန်ကြီး ။  ။ ကျွန်တော်တို့ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းမှာ ပထမဦးဆုံး တောင်သူလယ် သမားတွေ အတွက်က ကျွန်တော်တို့ အများစု တောင်သူလယ်သမားတွေက နေရာတကာမှာ လက်ရှိ အနေထားအားဖြင့် မြေသိမ်းယာသိမ်း တောင်သူလယ်သမားတွေက အလွန်ကို လက်ညိုးထိုးလို့ မလွဲ ဘူး ခင်ဗျ။ နေရာတကာမှာ ကျွန်တော်တို့ရဲ့ စိုက်ပျိုးမြေတွေဟာ ဟင်းရွက် ကန်စွန်းလို့ အသိမ်းခံပြီး တော့ တစ်ခါတည်း ရောင်းကုန်ပစ္စည်းတွေနဲ့ သွားတဲ့ လမ်းတစ်ကျော ခရီးသွားတဲ့ လမ်းတွေမှာဆိုလို့ ရှိရင် ခြံတိုင်တွေနဲ့ ခတ်ပြီးတော့ ယူတာတွေက တော်တော်လေးကို နိုင်ငံတော်အတွက် အကျည်းတန် ပါတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒီဟာတွေဟာ တောင်သူူလယ်သမားတွေရဲ့ တကယ့် စားဝတ် နေရေးအတွက်ကို သူတို့ရဲ့ ဘဝအတွက် တစ်လျှောက် ဖြည့်ဆည်းပေးခဲ့တဲ့ နိုင်ငံတော်အတွက်လည်း ရိက္ခာပစ္စည်းတွေ ဖြစ်တယ်။ ရေရှည်မှာလည်း တက်လာမယ့် လူဦးရေက တိုးတိုးလာခဲ့တယ်။ မြေက တော့ အကန့်သတ်နဲ့ပဲ ရှိတယ်။ ဒီအကန့်သတ်ရှိတဲ့ မြေပေါ်မှာ သူတို့ ခေတ်စနစ်တစ်ခုရဲ့ အပိုင်းမှာ သူတို့ သိမ်းယူထားခြင်း ခံထားရတဲ့ မြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ စာရင်းဇယားတွေ ပြုစုတယ်။ ဒီအရာတွေကို လက်ရှိကာယကံရှင် လက်ဝယ်ရောက် ပြန်ပို့နိုင်ဖို့အတွက်ကို ဒီပုံစံအမျိုး မျိုးသော သိမ်းဆည်းထားတဲ့ အနေထားမျိုးမှာ အကျုံးဝင်တဲ့ ဥပေဒေတစ်ရပ် ပေါ်ထွက်ဖို့ ကျွန်တော် တို့ လွှတ်တော်က မြေယာတွေနဲ့ ပတ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံးဦးစီးပြီး တော့ ကျွန်တော်တို့ အစိုးရ အဖွဲ့စည်း နိုင်ငံတော် သမ္မတက စပြီး ဦးစီးပြီးတော့ ဒါကို ပြန်ယူနိုင်ဖို့ ဥပဒေတစ်ခုကို အပြင်းအထန် ရေးဆွဲနေတယ်။ ဒါကိုလည်း မြန်မြန်ဆန်ဆန် ရေးဆွဲတယ်။ ရေးဆွဲပြီး တော့ ဒါကို အားလုံးလက်ဝယ် ပြန်ရောက်နိုင်ရေးအတွက် ဦးစားပေးတစ်ရပ်အနေနဲ့ ဒီရက် ၁၀၀ စီမံကိန်းမှာ လုပ်ဆောင်နေပါတယ်။

ဒီမြေသိမ်းယာသိမ်း ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒီပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာလည်း လုပ်ခဲ့တယ်။ ဒါပေမယ့် လယ်သမားတွေ လက်ထဲကို တိတိပပ မရောက်ဘူးလို့ ပြောဆိုဝေဖန်သံတွေ လည်း ထွက်ပေါ်နေတယ်။ တကယ့် တကယ် လယ်သမားတွေ အခြေနေကို ကျွန်တော်တို့ သတင်းမီဒီ ယာအနေနဲ့ စုံစမ်းကြည့်တဲ့ အခါမှာ တကယ့်တကယ်ကို မရောက်တဲ့ အခြေနေတွေကို ကြုံတွေ့နေရတာ ဖြစ်တယ်။ ဝန်ကြီးတို့ အစိုးရ လက်ထက်မှာ ဒီသုံးလအတွင်းနဲ့ ဒီသိမ်းထားတဲ့ လယ်မြေတွေကို လယ်သမားတွေ ဆီကို တိတိပပ ပြန်ရောက်ပေးနိုင်မယ်လို့ အာမခံနိုင်မလား ခင်ဗျ။

ဝန်ကြီး ။ ။ ဒီကိစ္စကတော့ ရက်၁၀၀ ဆိုတာက ကန့်သတ်ချက်တစ်ခုပဲ။ ဒီရက်၁၀၀ အတွင်းမှာ ပြီးအောင် လုပ်ဖို့ဆိုတာက ထုနဲ့ ထည်နဲ့ သိမ်းဆည်းခံထားရတဲ့ မြန်မာပြည် တစ်နှံတစ်ပြားမှာ နေရာ တကာမှာ သိမ်းဆည်းခံထားရတဲ့ ပုံစံအမျိုးမျိုးသော သိမ်းဆည်းခံထားရတဲ့ ဒီဟာတွေကို ဖြေရှင်းဖို့ ဥပဒေကလည်း ဥပဒေနဲ့ အညီ တရားရုံးမှာ ဖြေရှင်းနိုင်ဖို့ဆိုတာ သုံးလအတွင်းမှာလည်း ပြီးသွားမယ့် ဟာရှိတယ်။ သို့သော်လည်း သုံးလ အပြင်လည်း ရောက်သွားနိုင်တာ ရှိတယ်။ အဓိက ရည်ရွယ်ချက် ကတော့ သိမ်းဆည်းခံထားရတဲ့ မြေတွေအားလုံးကို တကယ် အသိမ်းခံရတဲ့ တောင်သူတွေဆီ ရောက်ဖို့ကတော့ ကျွန်တော်တို့က အကန့်သတ် တစ်ခုတည်းမှာတော့ ပြီးသွားလိမ့်မယ် မပြီးတဲ့ဟာ လည်း ဟိုဘက်ကို ရောက်သွားလိမ့်မယ်။ ဒါပေမယ့် အဓိက ဦးစားပေး အနေနဲ့ ဒါကို လုပ်သွားမယ်။

နောက်မေးခွန်းတစ်ခုကတော့ လယ်မြေသိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ နောက်ထပ် ဝန်ကြီးတို့ စီစဉ်နေတဲ့ ကိစ္စတွေလည်း ရှိကောင်း ရှိမှာပါ။ ဒီရက် ၁၀၀ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေးများ ဖြည့်ပြောလို့ ရမလားခင်ဗျ။

ဝန်ကြီး ။  ။ ဒုတိယ တစ်ချက်ကတော့ အစဉ်လာ မရှိခဲ့တဲ့ နိုင်ငံတော် မြေတွေကို အစိုးရပိုင်မြေ တွေကို သိမ်းတဲ့ ကိစ္စပါပဲ။ ဒါကတော့ ချက်ချင်း ရှင်းလို့ရတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အစိုးရပိုင်မြေကို သိမ်းနိုင်တဲ့ အနေထားဆိုတာ ကမ္ဘာမှာ ဒီဗမာပြည်တစ်ခုတည်း ရှိတယ် လို့ ယူဆကောင်း ယူဆနိုင်တယ်။ အခြားနိုင်ငံတွေမှာ ဒီလိုမျိုးမရှိဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ မ.ဆ.လ ခေတ်တောင်မှပဲ မ.ဆ.လ အစိုးရ ကျွန်တော်တို့ တူတူလုပ်ခဲ့တဲ့အခါ ပါတီကောင်စီ ကျွန်တော်တို့ ဒီ ကျွန်တော်တို့ လယ်သမားမြေတွေကို ပုံစံ လ/န ၃၉ ဆိုတဲ့ အခြားမြေ ပြောင်းလဲ သုံးစွဲခွင့် ပြုရေး ဒါကို တောင်ပေးဖို့တောင်မှ အလွန်ကို ခဲရာခဲဆစ် စိစစ်ပြီးတော့ ပေးတဲ့ မ.ဆ.လ အစိုးရဆိုတာ ဖြစ်ခဲ့ပါ တယ်။ အဲကာလတုန်းကဆိုရင် ဒီလိုလယ်တွေဟာ ဦးရေပြောင်းဖို့ ကိစ္စတောင် တော်တော်ခက်ခက်ခဲခဲ အတည်ပြုနိုင်မှ အတည်ပြုပေးတဲ့အတွက် မြေတွေရဲ့ အမျိုးမျိုးပြောင်းလဲရေးအတွက် ကိုယ်ကျိုးစီးပွား သုံးစွဲရေးမှာ အလွန်ကို တိတိကျကျ ဆောင်ရွက်တဲ့ အတွက် မြေတွေဟာ ဒီလိုမျိုး မဖြစ်ခဲ့ဘူး။ မြေသိမ်းယာသိမ်းတွေ မရှိခဲ့ဘူး။ မ.ဆ.လ ခေတ်ရဲ့ ထိန်းသိမ်းလာတဲ့ မြေယာပုံစံပေါ့ဗျာ။ မ.ဆ.လ ခေတ်က ဘာလို့ မသိမ်းလဲ ဆိုတော့ ၆(၁) ဆိုတာ ရှိတယ်ခင်ဗျ။ သူက အစိုးရမြေကို အလွဲသုံးစား လုပ်လို့ရှိရင် ၆(၁)  ဆိုတဲ့ ဥပဒေနဲ့ ပြဌာန်းပြီးတော့ အရေးယူတယ်။ ဒီမှာက အစိုးရမြေကို သုံးလို့ ရှိရင် အ.ပ.က (၃) ဆိုတဲ့ ဥပဒေ ရှိထားပြီးသား  ခင်ဗျ။ အ.ပ.က(၃)ဆိုတာ ၆(၁) ထက် ပြင်းထန်တယ်။ ဒီဟာတွေ ဥပဒေ ရှိထားပြီးသာ ဥပဒေကို လွတ်အောင် အမျိုးမျိုးသော ပုံစံမျိုးနဲ့ သိမ်းထားတာတွေ ရှိတယ်။ ဥပမာ ကျွန်တော်တို့ Myanmar investment ကော်မတီနဲ့ ညှိပြီးတော့ တစ်ခါတည်း ၅နှစ် စီမံကိန်းနဲ့ ၁၀ ခါလောက် နှစ်၅၀ မြေးမြစ် တီတွတ် ဟိုဘက်အထိတောင်မှ ခိုင်မြဲအောင် လုပ်ထားတဲ့ အစိုးရ မြေကို ခိုင်မြဲအောင် လုပ်ထားတဲ့ သိမ်းနည်း ပုံစံတွေ အမျိုးမျိုး ရှိတယ်။ ဒါတွေကို အကြုံးဝင်အောင် categorize လုပ်ပြီးတော့ တတ်နိုင်သမျှ ဒီက စပြီးတော့ ရအောင် ကျွန်တော်တို့ ပြောချင်တာကတော့ နိုင်ငံတော် အစိုးရမြေကို ကျွန်တော်တို့ ငှားထားပြီးတော့ privatization လု့ိတော့ ခေါ်တယ်ဗျ။ နိုင်ငံတော်မြေကို privatization လုပ်တာ ဒီနိုင်ငံပဲ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံတော် မြေဆိုတာ နိုင်ငံတော်အတွက်ကို ရည်ရွယ်ပြီးတော့ မျိုးစေ့တွေထုတ်လုပ်မယ်။ သီးနှံတွေကို ပုံစံနမှုနာ တွေ လုပ်မယ်။ ဒီလို ရည်ရွယ်ထားတာဗျ။ ဒါတွေကို ကျွန်တော်တို့က သိမ်းဆည်းပြီးတော့ privatization ဆိုတာ ဒီနယ်မှာ လာပြီးတော့ လုပ်တယ်ဆိုတာ တော်တော်လေးကို အစွန်းရောက်သွား တယ်။ အစွန်းရောက်တဲ့ အရာတွေကို ပြန်ပြီးတော့ လုပ်ဖို့ ရက်  ၁၀၀ မတိုင်ခင်မှာ ပြန်ပြီးတော့ ဒါကို လုပ်ဖို့ စာရင်းဇယားတွေ ပြုစုနေတယ်။ အလွယ်ဆုံးကနေ အခက်ဆုံးဒီ သွားပြီးတော့ ကျွန်တော်တို့ ဥပဒေက အ.ပ.က (၃) နဲ့ မပေးရင်တော့ ကျွန်တော်တို့က ဥပဒေတိုင်း လုပ်ရမှာပဲ။

ကျွန်တော် ထပ်ပြီးတော့ မေးခွန်းလေး နောက်ထပ် ထပ်မေးပါမယ်။  ကျွန်တော်တို့နိုင်ငံမှာ ဝန်ကြီးလည်း သိတဲ့အတိုင်း ၇၅% သော ပြည်သူတွေဟာ လယ်သမားတွေ ဖြစ်ကြတယ်။ နောက်ပြီး တော့ ဝင်ငွေ အနိမ့်ဆုံးသော ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒီဝန်ကြီးတို့ရဲ့ အစိုးရသက်တမ်း ၅နှစ်အတွင်းမှာ လယ်သမားတွေ ဝင်ငွေမြင့်မားဖို့ သူတို့ စိုက်ပျိုး ထုတ်ကုန်တွေကို ပြည်ပကို တင်ပို့ဖို့ စိုက်ပျိုး ထုတ်ကုန် တွေ ပို့ဖို့ တိုးတက်မြင့်မားပြီးတော့ အရည်အသွေးမြင့်တဲ့ အိတ်စပို့ ကွာလတီမှီတဲ့ ထုတ်ကုန်တွေ ဖြစ်ဖို့ ဝန်ကြီးတို့ ဝန်ကြီးဌာနအနေနဲ့ ဘယ်လို အစီမံတွေ ရှိပါသလဲ ခင်ဗျ။

ဝန်ကြီး ။ ။ ဒီမေးခွန်းက အလွန်ကို ကောင်းတဲ့ မေးခွန်းပါ။ ကျွန်တော်တို့ လုပ်မယ့် ကျွန်တော် တို့ မစ်ရှင်ပေါ့ဗျာ။ ကျွန်တော်တို့ အနာဂတ်ပေါ့ဗျာ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကျော်တုန်း က ကျွန်တော်တို့က အရှေ့တောင်အာရှမှာ နောက်ဆုံးအနေနဲ့ အခုဆိုရင် အရှေ့တောင်အာရှ ဆယ်နိုင်ငံမှာ ကျွန်တော်တို့က နောက်ဆုံး ရောက်တဲ့ အထိပဲ။ ဘာကြောင့်လဲဆိုတော့ ခံစစ် သဘောနဲ့ ပြည်တွင်းစားသုံးမှု ဖူလုံအောင် လုပ်ပြီးတော့မှ ပို့မယ်ဆိုတော့ ဒါကြီးက အလွန်ကို ခံစစ်သဘောမျိုး ဖြစ်နေတယ်။ တိုက်စစ်အနေနဲ့ အိတ်စ်ပို့ထုတ်မယ် ဆိုကတည်းက ကျွန်တော်တို့က တိုက်စစ် ဖြစ်သွား ပြီ။ တောင်သူကလည်း သူအကျိုးမြတ်ရှိရင် သူ ထုတ်တော့မယ်။ ဒီပို့ကုန် စနစ်နဲ့ ပြိုင်ဆိုင် ထုတ်တဲ့အ ခါမှာ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်မှု ဖြစ်လာတဲ့ အတွက် တိုင်းသူပြည်သားတွေရဲ့ စားသုံးမှုကို ဖူလုံရုံသာမက ပိုတဲ့ကုန်တွေကို နိုင်ငံခြားကို ဆက်တိုက် ပို့နိုင်မယ်။ ဒီအရာဟာ ဘာနဲ့ သွားတူလဲဆိုရင် အမေရိကန် နိုင်ငံရဲ့ စိုက်ပျိုးရေး ဌာနကြီးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ တောင်သူလယ်သ မားတွေ ကုန်သည်ပွဲစားတွေ ထုတ်သမျှ ထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံရဲ့ ပိုကုန်အဖြစ် တင်ပို့လုပ် ဆောင်ရန်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ စိုက်ပျိုးရေးဌာနရဲ့ ရည်ရွယ်ချက်နဲ့လည်း သွားပြီး အလားတူ ဆက်စပ်နေတယ်။ ဒီဟာက အလွန်ကို ဒါဟာ အိမ်မက်မဟုတ်ဘူး။ ကျွန်တော်တို့ Target ကို ထူထားပြီးသား ဖြစ်တယ်။ ဒီ Target  နောက်မှာ ကျွန်တော်တို့က စိုက်ပျိုးရေး မွေးမြူရေး သမဝါ ယမဆိုတဲ့ ဒီဝန်ကြီးဌာန အနေနဲ့ အကောင်အထည် ဖော်ဖို့ကလည်း သိပ်မခဲယဉ်းဘူးခင်ဗျ။ ဘယ်လို မခဲယဉ်းလဲ ဆိုတော့ အရင်တုန်းက သီးခြားဝန်ကြီးဌာနတွေ ရှိတယ်။ မွေးမြူရေး၊ စိုက်ပျိုးရေး၊ သမဝါယမ တစ်ခြားစီပေါ့နော်။ အခုက အားလုံး ဌာနတစ်ခုတည်းမှာဆိုတော့ ဒီပို့ကုန်ပစ္စည်းဖြစ်တဲ့ လယ်ယာထုတ်ကုန် သားငါးတွေကို ပို့ဆောင်နိုင်ဖို့က ဌာနတစ်ခုရဲ့ ဦးဆောင်မှု ဝန်ကြီးတစ်ခုရဲ့ ဦးဆောင်မှုအောက်မှာသွားတဲ့အတွက် အလွန်ကို အဆင်ပြေအောင် စီမံခန့်ခွဲနိုင်တယ်။ ဘယ်လို စီမံခန့်ခွဲနိုင်လဲ ဆိုရင် ကျွန်တော်တို့က ကျေးရွာ အုပ်စုလိုက်မှာ ကျွန်တော်တို့က လယ်သမား အသင်းအဖွဲ့တွေ ဖွဲ့မယ်။ တစ်ယောက်တည်း အဆင့်နဲ့ မသွားဘူး။ ကျွန်တော်တို့က community based production နဲ့ သွားမယ်ဆိုလို့ ရှိရင် ဥပမာ ကျွန်တော်တို့က တရုတ်ပြည်မှာ လုပ်တယ်။ ဂျပန်ပြည်မှာ လုပ်တယ်။ ဂျပန်ပြည်မှာဆိုရင် အလွန်အောင်မြင်တယ်။ အခုထိအောင်မြင်တယ်။ နှစ် ၇၀ ကြာ စိုက်ပျိုးရေး သမဝါယမ ကုန်ထုတ်လုပ်ငန်းကြီးဟာ ယနေ့ထိ အလွန်အောင်မြင်တဲ့ လုပ်ငန်း ဖြစ်တယ်။ ဘယ်လိုလုပ်မလဲ ဆိုလို့ရှိရင် ကျေးရွာ community based  လယ်သမားတွေကို အဖွဲ့တွေ ဖွဲ့ဖို့ ခုလုပ်ပြီ။ လုပ်ပြီးရင် အဲဒီလယ်သမားတွေကို ကျွန်တော်တို့က ဘာလုပ်မလဲဆိုတော့ စိုက်ပျိုးရေး အနေထားအရ ဒေသနဲ့ ကိုက်ညီတဲ့ မျိုးတွေကိုပေးစိုက်မယ်။ သူတို့ စိုက်ချင်တဲ့ မျိုးတွေကို နိုင်ငံတကာ ဈေးကွက်နဲ့ ချိတ်နိုင်အောင် ကျွန်တော်တို့ ပေးစိုက်မယ်။ နောက်ပြီးတော့ မွေးမြူရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံမှာဒီအစဉ်လာ မရှိတဲ့အတွက် ကျွန်တော်တို့ ဒေသမှာ ရှိတဲ့ အရပ်ရပ်သော မြို့ရွာ ကျေးရွာတွေမှာ ကျွန်တော်တို့ ဝါးခယ်မမှာဆိုရင် မြစ်ချောင်းတွေက ပေါသော်လည်း ရန်ကုန်က ငါးတွေပို့မှ ကျွန်တော်တို့ စားရတယ်။ ရန်ကုန်က ဝက်ပို့မှ စားရတယ်။ မြစ်တွေချောင်းတွေ တောတောင် သမုဒ္ဒရာတွေ ပေါတဲ့ မြစ်ဝကျွန်းပေါ်တောင်မှ ဒီစနစ်တစ်ခုကြောင့် ရန်ကုန်ကနေ ဒီကုန်သည်တွေပို့မှ စားရတဲ့ အနေအထားကနေပြီးတော့မှ ကိုယ့်ဒေသ ကိုယ်ထုတ်လုပ်ရမယ်။ ကိုယ့်ဒေသမှာ ဒီလိုမျိုး မွေးမြူရေးစခန်းတွေ စုပေါင်းပြီး ထုတ်လုပ်ခြင်းအားဖြင့် စခန်းစခန်းတိုင်းက ထွက်လာမယ့် မွေးမြူရေး ကြက်၊ ဝက်၊ ငါး အဆင်ပြေရာ ဒီအဆင်ပြေရာကို ကဲ့ပေးမယ့် မွေးမြူရေးလုပ်ငန်းက ပညာရှင်တွေ ဒီဒေသနကိုက်ညီတဲ့ စိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးဌာနက ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဒေသဖူလုံရေးမှာ အခြားဒေသမှ ပို့မှ စားရတဲ့ ဒေသကနေပြီးတော့ ဒေသမှာ အဟာရတွေ ဖူလုံသွားမယ်။ ဈေးတွေပေါသွားမယ်။ ရွာအလိုက် ပြန်ထုတ်မှာဆိုတော့။ ဒေသရဲ့အဟာရ လူတွေရဲ့ အဟာရဟာ အရင်က ဝယ်နိုင်စားနိုင်တဲ့သူတောင်မှ ဝယ်စားလို့မရဘူး။ အခြားမြို့ကနေပို့ရတာဆိုတော့။ လူတွေရဲ့ Neutrition နဲ့ပတ်သက်ပြီးတော့ အဟာရတွေ တိုးတက် လာမယ်။ ကလေးတွေ အဟာရတိုးတက်လာမယ်။ လူကြီးတွေရဲ့ ကျန်းမာရေး ပိုကောင်းလာမယ်။ နောက်ပြီးတော့ ဒေသအလိုက် ထုတ်လာတဲ့အခါမှာ ဈေးနှုန်းတွေကျသွားမယ်။ လူတွေသက်သာ သွားမယ်။ နောက်ပိုလျှံတဲ့ ကြက်၊ ငှက်၊ ဘဲ၊ ဝက် စသဖြင့်ပေါ့ ပို့ကုန်မူအရ ပိုလျှံတဲ့ဟာတွေကို နိုင်ငံတ ကာ ပို့ဖို့အတွက် ချန်ခဲ့ပြီး တိုးချဲ့ထုတ်လုပ်သွားမယ်။ ဘာလိုလဲဆိုတော့ ဒီဟာတွေလုပ်ဖို့လည်း ဘာလိုလဲဆိုတော့ Investments တွေလိုတယ်။ ဒီ Investments ဘယ်ကလာမလဲဆိုရင် သမဝါယ မကလာတယ်။ အခုလက်ရှိ နိုင်ငံအနံှ့မှာ မိုက်ခရို ခရက်ဒစ်ဆိုပြီး ပေးနေတာတွေရှိတယ်။ အဲ့ဒါတွေက လည်း ကျွန်တော်တို့ အများကြီးပဲ။ ဒီမိုက်ခရိုက်ခရက်ဒစ်ကို ပြန့်ကျဲပြီးတော့ ပေးမယ့်အစား ဒီ စုပေါင်း ပြီးတော့လုပ်တဲ့ အရာကို ပံ့ပိုးပေးခြင်းဖြင့် ပညာရှင်လည်းရှိတယ်။ စိုက်ပျိုးရေး မွေးမြု ရေးမှာ ဘက်စုံ ဒီအရာလေးကို တိုးချဲ့လုပ်ခြင်းဖြင့် ကျေးရွာတိုင်းကျေးရွာတိုင်းမှာ လုပ်ခြင်းအားဖြင့် ကျွန်တော်တို့နိုင် ငံမှာ အစားအစာတွေ လုံလောက်သွားမယ်။ သယံဇာတပိုင်းဆိုင်ရာမှာ ကြွယ်ဝသွား မယ်။ ဒီ ကုန်ဈေး နှုန်းပိုင်းဆိုင်ရာတော့ ကျသွားမယ်။ ပိုလျှံတဲ့အရာကို နိုင်ငံခြားပို့မယ်ဆိုရင် ဒါ ကျွန်တော်တို့နိုင်ငံအ တွက် အလွန်ကို သားရွှေအိုးထမ်းတဲ့သဘောပဲ တစ်ချက်ခုတ် လေးငါးချက်ပြတ်တဲ့ အစီမံဖြစ်တဲ့အ တွက် ကျွန်တော်တို့ ဒီ ဝန်ကြီးဌာနတစ်ခုလုံးကို စုစည်းပြီးတော့ သောက်သုံးရေရရေး အဲ့ဒါကိုပဲသူလုပ် တယ်ခင်ဗျ။ ကျွန်တော်တို့က နိုင်ငံတကာအတွက် တိုးချဲ့ပြီးတော့ ပေါင်းစပ်ပြီးတော့ အကူအညီတွေရ မယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပိုပြီးတိုးတက်လာမယ်ဆိုရင် လမ်းတွေ၊ မီးတွေ၊ ရေးတွေကလည်း ပိုပြီးတိုးတက်လာမယ်။ Network တွေ ကောင်းလာမယ်။ အဲ့လိုဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အလားအ လာက ကျွန်တော်တို့ ဌာနတစ်ခုတည်းမှာရှိတဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဌာန၊ ဆည်မြောင်းဌာန စက်မှု လယ်ယာအင်ဂျင်နီယာဌာန၊ သမဝါယမဌာန၊ မွေးမြူရေးဌာန အလွန်ကို အင်းအားကြီးတဲ့ ဝန်ကြီးဌာန တစ်ခုဖြစ်ပြီးတော့ နိုင်ငံရဲ့ အဓိကလိုအပ်တဲ့ စားဝတ်နေရေးကော၊ နိုင်ငံတော်ရဲ့ ဘက်ဂျက်ဝင်ငွေ Export အားလုံးကို ဆောင်ကျဉ်းပေးနိုင်မယ့် ဌာနကြီးတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly