ကိုလင်း၏ မျဉ်းပြိုင် တေးအယ်ဘမ် DVD အခွေ ဇူလိုင် ၉ တွင် ထွက်မည်

ကိုလင်း၏ မျဉ်းပြိုင် တေးအယ်ဘမ် DVD အခွေ ဇူလိုင် ၉ တွင် ထွက်မည်

ရန်ကုန် ၊ ဇူလိုင် ၄ ။     ။ ကြော်ငြာ နောက်ခံ သီချင်းများ ၊ ဗီဒီယို နောက်ခံ သီချင်းများစွာ သီဆို ခဲ့သည့် အဆိုတော် ကိုလင်း၏ တစ်ကိုယ်တော် အခွေ ဖြစ်သည့် မျဉ်းပြိုင် တေးအယ်ဘမ် DVD အခွေကို ဇူလိုင်လ ၉ရက်တွင် Bo Bo Music Production က  ဖြန့်ချိမည် ဖြစ်သည်။

အဆိုတော် ကိုလင်း၏ မျဉ်းပြိုင် အမည်ရှိ တစ်ကိုယ်တော် တေးအယ်ဘမ် DVD ထွက်ရှိမည့် အကြောင်း စာနယ်ဇင်း များအား အသိပေး မိတ်ဆက်ပွဲကို ဇူလိုင် ၄ရက်တွင် ရန်ကုန်မြို့ ဆူးလေ မြို့တော် ခန်းမ အနီးရှိ City Star ဟိုတယ်၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ထို တေးအယ်ဘမ်တွင် တေးသီချင်း ၁၁ပုဒ် ပါဝင်ပြီး တေးရေး ဆရာများ အဖြစ် ကျော်စွာထွန်း ၊ အေသင် ၊ ခွန်စိုင်း တို့မှ ရေးသား ပေးထားပြီး ဧည့်သည့် အဆိုတော် အဖြစ် ခွန်စိုင်း ၊ တီနို ၊ အာကာ တို့က  ပါဝင် သီဆို ထားသည်။

တေးအယ်ဘမ် တစ်ခုလုံးကို ARIA Band က တီးခတ် ပေးထားပြီး DVD အခွေကို ဒါရိုက်တာ စိုးကိုကိုစိုးက ရိုက်ကူး ထားသလို အဆိုတော် ကိုလင်း ကိုယ်တိုင်လည်း ရိုက်ကူး ထားသည်။

အဆိုတော် ကိုလင်း သည် ၁၉၉၈ - ၉၉ ခုနှစ်မှ စတင်ပြီး ဂီတလောကတွင် သီချင်းများ စဆိုခဲ့ကာ ကြော်ငြာ နောက်ခံ သီချင်းများ ၊ ဗီဒီယို နောက်ခံ သီချင်းများစွာ သီဆိုခဲ့သူ ဖြစ်သည်။ အတွဲခွေများ အနေဖြင့် ကလိုက် ကြစို့ ရေစိုစို ၊ ဂန္တဝင် သုံးဖော်(၃) ၊ ဂန္တဝင် သုံးဖော် (၅) ၊ TAXI ၊ ယောက်ဖ တို့သြင်္ကန် စသည့် အခွေများတွင် ပါဝင် သီဆို ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required