မုန်တိုင်းတစ်ခုဖြစ်ပေါ်ရန် အလားအလာတွေ မြင့်တက်နေပြီး စောင့်ကြည့်အဆင့် သတ်မှတ်ထား

မုန်တိုင်းတစ်ခုဖြစ်ပေါ်ရန် အလားအလာတွေ မြင့်တက်နေပြီး စောင့်ကြည့်အဆင့် သတ်မှတ်ထား

ရန်ကုန်၊ မေ၁၃ ။            ။ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် မုန်တိုင်းဖြစ်ဖို့အလားအလာ ၂၀ရာခိုင်နှုန်း ခန့်အထိ တဖြည်းဖြည်း မြင့်တက်လာပြီဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်သည်။

 မေလ(၁၄)ရက် ညနေပိုင်းခန့်တွင် အားကောင်းသော လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်ရာမှ ပိုမိုအားကောင်းလာပြီး မုန်တိုင်းတစ်ခု ဖြစ်လာနိုင်ကြောင်း မေ ၁၃ရက် နံနက်က သတိပေးထားသည်။

မုန်တိုင်းငယ်သည် တဖြည်းဖြည်းအားကောင်းလာပြီး ကနဦးအစတွင် အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေဆီသို့ ဦးတည် ရွေ့လျားသွားကာ နောက်ပိုင်းတွင် အရှေ့မြောက်ဖက်ဆီသို့ ပြန်လည်ကွေ့သွားမည်ဟု ဆိုထားသည်။

မေလ ၂၀ရက်မှ ၂၂ရက်ခန့်တွင်  ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းအတွင်းသို့ ရောက်ရှိလာမည်ဟု ၎င်းက ခန့်မှန်းသည်။

အဆိုပါ မုန်တိုင်း အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း၌ လေပြင်းနှင့် ရေလှိုင်းအန္တရာယ် သတိထားရမည်ဖြစ်ပြီး ယခုအခြေအနေတွင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required