လေပြင်းကြောင့် ပျက်စီးခဲ့သည့်ငွေတောင်ကျေးရွာသို့ လွှတ်တော် ကိုယ်စားလှယ်များ သွားရောက်

လေပြင်းကြောင့် ပျက်စီးခဲ့သည့်ငွေတောင်ကျေးရွာသို့ လွှတ်တော် ကိုယ်စားလှယ်များ သွားရောက်

မင်းဘူး ၊မေ ၁ ။             ။ စလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များသည်  မိုးသက် လေပြင်းတိုက်ခိုက်မှုတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများသော ငွေတောင်ကျေးရွာသို့ မေ ၁ ရက်နေ့က သွားရောက် ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိရသည်။

စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စု ငွေတောင်ကျေးရွာသည်  လူနေအိမ် (၉၁)လုံး ပြိုလဲ၊ နေအိမ်(၈၂)လုံး အမိုးလန်၊ အလကခွဲကျောင်း အမိုးလန်၊ ဝန်ထမ်းအိမ်ယာသုံးပင်အိမ် ပြိုလဲပျက်စီးပြီး တင်းကုပ်ပိ၍ နွားတစ်ကောင်သေဆုံးကာ လူအသေအပျောက် မရှိသော်လည်း သာမန် ထိခိုက်ဒဏ်ရာ  ရရှိသူများ ရှိကြောင်း သိရှိရသည်။   

မကွေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌဦးတာ၏ ညွှန်ကြားမှုဖြင့်  စလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် NLDမှ တာဝန်ရှိသူများ၊ကျေးလက်ဦးစီးဌာန ဦးစီး အရာရှိတို့မှသွားရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပျက်စီးဆုံးရှုံးသွားသည့် ငွေတောင်ကျေးရွာ ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံပိုးမှု အမြန်ဆုံးရရှိရန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌမှ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly