စစ်ကောင်စီနှင့် အွန်လိုင်းရာဇ၀တ်ဂိုဏ်းများကို အမြစ်ဖြတ်ရန် လားရှိုး- ချင်းရွှေဟော်၊ လားရှိုး- မူဆယ် လမ်းပိုင်းနှစ်ခုကို အရေးပေါ်ပိတ်လိုက်သည်ဟု MNDAA ထုတ်ပြန်

By မဇ္ဈိမ 
27 October 2023
စစ်ကောင်စီနှင့် အွန်လိုင်းရာဇ၀တ်ဂိုဏ်းများကို အမြစ်ဖြတ်ရန် လားရှိုး- ချင်းရွှေဟော်၊ လားရှိုး- မူဆယ် လမ်းပိုင်းနှစ်ခုကို အရေးပေါ်ပိတ်လိုက်သည်ဟု MNDAA ထုတ်ပြန်

စစ်ကောင်စီနှင့် အွန်လိုင်းရာဇ၀တ်ဂိုဏ်းများကို အမြစ်ဖြတ်ရန်
လားရှိုး- ချင်းရွှေဟော်၊ လားရှိုး- မူဆယ် လမ်းပိုင်းနှစ်ခုကို အရေးပေါ်ပိတ်လိုက်သည်ဟု MNDAAက ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ အတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့များကို အမြစ်ပြုတ် တိုက်ခိုက်ချေမှုန်းရေးအတွက် လည်းကောင်း၊ လောက်ကိုင်မြို့နယ်အတွင်း အွန်လိုင်း ရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်ရှင်းလင်းရန်အတွက်လည်းကောင်း၊ အွန်လိုင်းရာဇဝတ်ကုမ္ပဏီများကို ကာကွယ်ပေးနေသော နောက်ကွယ်အင်အားစုတို့ လားရှို့မှတစ်ဆင့် စစ်အင်အားတိုးချဲ့လာမည်ကို ဟန့်တားရန်အတွက်လည်းကောင်း၊ လားရှိုး-ချင်းရွှေဟောင်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးများကို ယနေ့ ( အောက်တိုဘာ ၂၇ ရက်) နံနက် ၆ နာရီမှစတင်၍ အရေးပေါ်ပိတ်ပင်လိုက်ကြောင်း MNDAA က ကြေညာသည်။ 

အဆိုပါ ပိတ်ပင်ထားသော လမ်းမကြီးများကို မည်သည့် ယာဉ်တန်းမှ မည်သည့် အကြောင်းပြချက်ဖြင့် ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ၊အသိပေးထားမှုကို မလိုက်နာသော ဆက်လက်ဖြတ်သန်းသွားလာမည်နေမည်ဆိုပါက ရန်သူ၏ သယ်ယူပို့ဆောင်ရေး ယာဉ်တန်းအဖြစ် မှတ်ယူပြီး ပြင်းထန်စွာ တိုက်ခိုက်မည်ဟု MNDAA က ထုတ်ပြန်ကြေညာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required