ဂါဇာအရေး အီးယူ အရေးပေါ်အစည်းအဝေးကျင်းပ | VOA On Mizzima

ဂါဇာအရေး အီးယူ အရေးပေါ်အစည်းအဝေးကျင်းပ | VOA On Mizzima

အစ္စရေးနဲ့ ပါလက်စတိုင်းဘက် ဂါဇာကမ်းမြှောင်က က စစ်သွေးကြွတွေအကြား စစ်ရေးပဋိပက္ခ ကြီးထွားလာနေချိန်မှာပဲ အရှေ့အလယ်ပိုင်း အရေးနဲ့ ပတ်သက်လို့ ဥရောပ နိုင်ငံခေါင်းဆောင်တွေ အရေးပေါ် ဗွီဒီယိုကတဆင့် အစည်းအဝေး ဒီနေ့ ကျင်းပပါတယ်။

အစ္စရေးဘက်က လူ ၁၄၀၀‌ လောက် သေဆုံးခဲ့တဲ့ ဟားမတ်စ်အဖွဲ့ရဲ့ နယ်စပ်ကျော် တိုက်ခိုက်မှုအပြီး အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြားမှာ ပါလက်စတိုင်း ပြည်သူ ၂၇၀၀ ကျော် သေဆုံးခဲ့ပြီးပြီ ဖြစ်ပါတယ်။

နေ့စဉ် သေဆုံးတဲ့ အရွေအတွက် ထပ်တိုးနေပြီး ဒီလို သေဆုံးမှုတွေကြောင့် ဒီ ပဋိပက္ခအပေါ် ဥရောပ နိုင်ငံတွေရဲ့ သဘောထားလည်း ကွဲလွဲချက်တွေ ရှိလာပါတယ်။ Henry Ridgwell ပေးပို့တဲ့ သတင်းကို ဦးသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required