မြန်မာတွင် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး ရုရှားနှင့် မြန်မာစစ်ကောင်စီ ဆွေးနွေး

By ရိုက်တာ
11 October 2023
မြန်မာတွင် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး ရုရှားနှင့် မြန်မာစစ်ကောင်စီ ဆွေးနွေး
Photo-AFP

မြန်မာနိုင်ငံ၊ ရန်ကုန်သို့ ဓာတ်ငွေ့ပိုက်လိုင်းတခု တည်ဆောက်မှုတွင် ရုရှား ပါဝင်ရေးနှင့်ပတ်သက်ပြီး ရုရှားနှင့် မြန်မာစစ်ကောင်စီမှ အဆင့်မြင့် စွမ်းအင်အရာရှိများက အောက်တိုဘာ ၁၁ ရက်တွင် မော်စကိုတွင် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြသည်ဟု ရုရှား စွမ်းအင်ဝန်ကြီးဌာနက ပြောကြောင်း ရိုက်တာက ဖော်ပြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရုရှား စွမ်းအင်ဝန်ကြီးဌာနက နောက်ထပ် အသေးစိတ်အချက်အလက်များကို ထပ်မံ ဖော်ပြခြင်း မရှိခဲ့ဟု သိရသည်။

မြန်မာစစ်ကောင်စီသည် ယမန်နှစ်က ရုရှား၏ ရေနံထုတ်ကုန်များကို စတင်ဝယ်ယူခဲ့သလို ရူဘယ်လ်ငွေကြေးဖြင့် ပေးချေရန် အသင့်ရှိကြောင်း ပြောခဲ့သည်။

စစ်ကောင်စီ၏ အကြီးဆုံးသော နိုင်ငံခြားဝင်ငွေ ရင်းမြစ်များအနက် တခုဖြစ်သည့် ရေနံနှင့် ဓာတ်ငွေ့ ကဏ္ဍမှ အဓိကနိုင်ငံတကာ လုပ်ငန်းကြီးများ အစုအပြုံလိုက် ထွက်ခွာသွားစဉ် မြန်မာအတွက် အဓိက စွမ်းအင် ဖြည့်သွင်းပေးသွင်းသူ ဖြစ်စေရန် ရုရှားက ပုံဖော်လာနေကြောင်း ယမန်နှစ် မေလက South China Morning Post သတင်းတပုဒ်တွင် ဖော်ပြသည်။

ရုရှားထံမှ စွမ်းအင်ကို ထိုက်သင့်သော နှုန်းထားတရပ်ဖြင့် ဈေးကွက်သို့ ရောက်ရှိစေရန် ဂျပန်မှတဆင့် သို့မဟုတ် ပင်လယ်နယ်ကို ဖြတ်ပြီး ရေနံတင်သင်္ဘောများမှတဆင့် မြန်မာထံ စွမ်းအင် ဖြည့်သွင်းထောက်ပံ့ရန် ရုရှားက စဉ်းစားလျက် ရှိသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required