စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ စိတ်ဒဏ်ရာကြီးနေပြီ

By မောင်ခက်နွေ(မဇ္ဈိမ)
04 October 2023
စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ စိတ်ဒဏ်ရာကြီးနေပြီ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုဟာ  စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေကြပါတယ်။စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ အကြမ်းဖက် တိုက်ခိုက်နေ‌တာကြောင့်  ပြည်သူ‌တွေဟာ ဗုံးခိုကျင်းတွေထဲမှာ အိပ်စက်ရပြီး လေယာဉ်သံကြားပါက အထိန့်တလန့်နဲ့  ပုန်းခိုပြေးလွှားနေရတာဟာ နှစ် နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ရက်နေ့ မှာတော့  စစ်ကိုင်းတိုင်း၊ဝန်းသိုမြို့နယ်က ဘုန်းတော်ကြီး စာသင်ကျောင်းတကျောင်းကို စစ်ကောင်စီက ပေါက်ကွဲအားပြင်းထန်တဲ့ ဟောင်ဝစ်ဇာအမြောက်နဲ့  ပစ်ခတ်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂၀ ဦးနဲ့  ဆရာမတဦးဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့်  ကလေးငယ်တွေဟာ စိတ်ဒဏ်ရာကြီးကြီးမားမားရထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဒီကနေ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ  ထုတ်ပြန်ထားပြီး သတင်းအကြောင်းအရာအပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ ဝိုင်းတော်သားတဦးဖြစ်တဲ့ မောင်ခက်နွေက တင်ဆက်ပေးမှာပါ။

တင်ဆက်၊ တည်းဖြတ် - မောင်ခက်နွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly