ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

By MTO(မဇ္ဈိမ)
01 October 2023
ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်
ပုံအညွှန်း - စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသည့် အတွက် ဒေသခံပြည်သူများတိမ်းရှောင်နေရ စဉ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း People’s Defense Comrade အဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ဒီပဲယင်းမြို့နယ် အေးသာယာကျေးရွာအနီးတွင် စစ်ကောင်စီ တပ်ဖွဲနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်မှု များသည့်အတွက် ရဟတ်ယာဉ်ပစ်ကူလာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း People’s Defense Comrade အဖွဲ့မှကိုထူးခန့်ဇော်က ပြောသည်။

“အေးသာယာ(ခ)ပျံကျရွာကို စစ်ကြောင်းမဝင်ခင်  ရွာတောင်ဘက်နားမှာပဲ  ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိ တွေ့တိုက်ပွဲဖြစ်ခဲ့တယ်။ စစ်_အသေအပျောက်ရှိတယ်၊ အတည်မပြုနိုင်သေးပါဘူး။ ထိတွေ့မှုဖြစ်ပြီး  စစ် ကြောင်းကလည်း ရွာထဲဝင်ရောက်တပ်စွဲသွားပြီး နမခကတက်လာတဲ့ Mi35 ရဟတ်ယာဥ်တစီးနဲ့   ပျံကျ ရွာအနီးတဝိုက်ကို လေကြောင်းက တိုက်ခိုက်သွားခဲ့တယ်။ ရဲဘော်တွေနဲ့ ပြည်သူတွေ ထိခိုက်မှုတော့ မရှိ ဘူး ” ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါစစ်ကြောင်းသည် ယင်းတွေရွာနှင့် လပ်တီကျေးရွာများ ကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် အရပ်သားတဦးကိုသတ်ဖြတ်ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ယင်းစစ်ကြောင်းသည် အောင်လံအခြေစိုက် ခလရ(၇၁)မှဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်က ဒီပဲယင်း အရှေ့ခြမ်းကျေးရွာများကို စစ်ကြောင်းထိုးစဉ်ကလည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly