၂၀၂၄ UEFA စူပါဖလားကို အိမ်ရှင်အဖြစ် ဝါဆောမြို့က လက်ခံကျင်းပမည်

By AFP
27 September 2023
၂၀၂၄ UEFA စူပါဖလားကို အိမ်ရှင်အဖြစ် ဝါဆောမြို့က လက်ခံကျင်းပမည်

လာမယ့်နှစ်ရဲ့ UEFA စူပါဖလားပြိုင်ပွဲကို ပိုလန်မြို့တော် ဝါဆောမှာ ကျင်းပမှဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဗိုလ်စွဲတဲ့အသင်းတွေကြား ပွဲစဉ်ကို နောက်နှစ် သြဂုတ်လ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဝါဆောမြို့က အမျိုးသား အားကစားကွင်းမှာ UEFA က ကစားမယ်လို့ ပြောပါတယ်။

မန်ချက်စီးတီးဟာ အေသင်မြို့အပြင်ဘက်က Piraeus ရှိ Karaiskakis အားကစားကွင်းမှာ ဆီဗီလာကို ၁-၁ ဂိုးနဲ့ သရေကျပြီးနောက် ပင်နယ်တီဖြင့် အနိုင်ရကာ ဒီနှစ်ပြိုင်ပွဲမှာ ဖလာဆွတ်ခူးရရှိခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required