သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ရွာပေါင်းစုံသပိတ်

By ပါခွီး(မဇ္စျိမ)
22 September 2023
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံသည့် ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ဦးကျော်မိုးထွန်းအား ထောက်ခံပြပွဲကို ယနေ့စက်တင်ဘာလ ၂၂ရက်တွင်ပြုလုပ်ကြသည်ဟု သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် "Our Ambassador – Our Voice" ဆိုသည့် စာတမ်းကိုကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေးချီတက်ကာ ကျဆုံးအာဇာနည်များကို ဦးညွှတ်အလေးပြုကြကြောင်း သိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည်  (၉၁၄) ရက်မြောက်အဖြစ် ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required