ရိုဟင်ဂျာအရေး အားချင်းဖြေရှင်းရန် နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း 

By BSS News
20 September 2023
ရိုဟင်ဂျာအရေး အားချင်းဖြေရှင်းရန် နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း 

ရိုဟင်ဂျာအရေး ဖြေရှင်းရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် အားချင်း အရေးယူ လုပ်ဆောင်ရန် တိုက်တွန်းထားချက်ကို ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမတ် ရှာဟာဘူဒင်က ဘင်္ဂလားဒေ့ရှ် ကြက်ခြေနီအသင်း (၇) ကြိမ်မြောက် မိတ်ဖက်ပြုမှု အစည်းအဝေး၌ ထပ်လောင်းပြောဆိုသည်။ 

“ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံကနေ အတင်းအကျပ် ရွှေ့ပြောင်းလာရတဲ့ လူ ၁ ဒသမ ၂ သန်းနီးပါးကို ခိုလှုံရာနေရာ၊ အစားအစာနဲ့ အခြားလိုအပ်ရာတွေ ပေးပြီး ထားရှိထားတယ်၊ ဒီ ပြဿနာကို အားချင်းဖြေရှင်းဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ကျွန်တော် တောင်းဆိုတယ်”ဟု ၎င်းက ပြောသည်။ 

အဆိုပါ ပြဿနာ (ရိုဟင်ဂျာများ စီးဝင်မှု) ဝန်ထုပ်ဝန်ပိုးက ဘင်္ဂလားဒေ့ရှ်၏ ပုခုံးပေါ်၌ လုံးလုံး မကျရောက်သင့်သည်ကို နားလည်ရန်က မရှိမဖြစ် လိုအပ်ကြောင်း သမ္မတက ပြောသည်။ 

မြန်မာနိုင်ငံက ပြဿနာ၏ ရင်းမြစ်ကို တာရှည်ခံသော ဖြေရှင်းနည်းအား ရှာဖွေရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ၎င်းက တိုက်တွန်းပြီး ရိုဟင်ဂျာများ ဘေးကင်းစွာ ဆန္ဒအလျောက် မြဲမြံသည့် နေရပ်ပြန်ရေး၌ နောက်ထပ် နှောင့်နှေးမှုများ ဖြစ်နေခြင်းနှင့် လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့များ ရှားပါးပြတ်လပ်ခြင်းက ဒေသတခုလုံးအတွက် ဘေးဖြစ်နိုင်ကြောင်းလည်း ဆိုသည်။ 

သို့ရာတွင် ရှိနေစဉ် ဖြစ်ပေါ်မှုများကို သိရှိကြရန်လည်း ရှာဟာဘူဒင်က တိုက်တွန်းပြီး ဖြစ်ရပ်ဖြစ်စဉ်များတွင် အထောက်အပံ့အကူအညီများနှင့် တာဝန်ခွဲယူသော ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ပြောဆိုသည်။ 

ယခု ကြက်ခြေနီအသင်း၏ အစည်းအဝေးသည် မကြာသေးခင် COVID-19 ကပ်ဘေးနှင့်အတူ ကမ္ဘာတွင် စိန်ခေါ်မှုများ ရင်ဆိုင်နေရချိန်၌ ထူးခြားသော သမိုင်းတကွေ့ ဖြစ်ကြောင်း သမ္မတက ပြောဆိုခဲ့သည်။ 

မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်အတွင်းက စစ်တပ်၏ ရှင်းလင်းရေး စစ်ဆင်ရေးများ လုပ်ဆောင်ရာတွင် ရိုဟင်ဂျာများသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရကာ လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေထိုင်ကြလျက် ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly