ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ပညာသင်ကြားဖို့ အခက်အခဲ ရှိနေ (ရုပ်/သံ)

By မဇ္ဈိမ 
28 September 2023
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ပညာသင်ကြားဖို့ အခက်အခဲ ရှိနေ (ရုပ်/သံ)

 ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ကလေးငယ်တွေဟာ ပညာသင်ကြားရေးအပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေက မဇ္ဈိမကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက NGO ကျောင်းတွေမှာ လက်ရှိတက်ရောက်နေတဲ့ ရိုဟင်ဂျာကျောင်းသားတွေကို မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနကတဆင့် အဆင့်မြင့်ပညာတွေ သင်ကြားခွင့်ရဖို့ အခွင့်အလမ်းတွေ ဖန်တီးသင့်တယ်လို့ ဆိုပါတယ်။

လူမျိုးရေး ပဋိက္ခဆန်တဲ့ ၂၀၁၂ ခုနှစ် ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ရိုဟင်ဂျာတွေဟာ တက္ကသိုလ်၊ ကောလိပ်ပညာသင်ကြားခွင့် ပိတ်ပင်ခံထားရတာပါ။

ဒီလို ပိတ်ပင်ခံထားရလို့ အရည်အချင်းပြည့်မီတဲ့ ဆရာ၊ ဆရာမတွေ ရှားပါးလာတာဟာ

ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ UNICEF က မြန်မာသင်ရိုးညွှန်းတမ်း ရှေ့ပြေးအစီအစဉ် (MCP) ကို စတင်ခဲ့ပေမယ့် အရည်အချင်းပြည့်မီတဲ့ ဆရာတွေမရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ဒီရှေ့ပြေးအစီအစဉ် စတင်ဖို့ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးမှု မရှိခဲ့တာက အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆရာကိုယ်စားပြုမှုမှာလည်း ကျား၊ မ ကွာဟမှုတွေ ရှိနေပြီး အမျိုးသမီး ဆရာမတွေ ရှိမနေတာကြောင့် အမျိုးသမီးကျောင်းသားတွေ ကျောင်းတက်ရောက်တာကို ဟန့်တားသလို ဖြစ်နေကာ ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့ကြောင့် UNHCR နဲ့ UNICEF အနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှုနဲ့ စွမ်းဆောင်နိုင်မှုကို မြှင့်တင်ဖို့အတွက် အမျိုးသမီးဆရာမတွေကို စုဆောင်းပြီး ထိတွေ့ဆက်ဆံကြဖို့လည်း တိုက်တွန်းထားကြပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly