ယင်းမာပင်မြို့နယ်အတွင်း တော်လှန်ရုပ်ရှင်ပြသပွဲနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်

By ပါခွီး(မဇ္စျိမ)
03 September 2023
ယင်းမာပင်မြို့နယ်အတွင်း တော်လှန်ရုပ်ရှင်ပြသပွဲနှင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အနောက်ခြမ်းကျေးရွာများ၌ တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲမျာကို ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်များက ပြုလုပ် ခဲ့ ကြောင်းသိရသည်။

ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၂ ရက်နေ့အထိ လူငယ်အားမာန်သပိတ်စစ်ကြောင်းနှင့်ပူးပေါင်းကာ ကျေးရွာခုနစ်ရွာနှင့် စာသင်ကျောင်းနှစ်ကျောင်းတွင်  ရုပ်ရှင်ပြသခြင်းနှင့် နိုင်ငံရေးဟောပြောခြင်း၊ ဆွေး နွေးပွဲကျင်းပခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့လူထုက တော်လှန်ရေးသုံးနှစ်တာကာလကိုရောက်ရှိနေပြီဆိုတော့ ပင်ပန်းနေပြီး အနိဋ္ဌာရုံ တွေ၊ စိတ်ပျက်စရာ ဝမ်းနည်းစရာကြေကွဲစရာတွေကို တဒင်္ဂဖြေဖျောက်ဖို့ ရုပ်ရှင်နဲ့အစားထိုးဖို့ ရည်ရွယ် ချက်နဲ့ ပြသခဲ့ကြတာပါ” ဟု ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင် ကိုသက်ဦးက မဇ္စျိမကိုပြောသည်။

၎င်းအပြင် လူထုအကြားတွင် နိုင်ငံရေးအသိမြင်တိုးပွားလာစေရန်၊ တော်လှန်ရေး၏ ရည်ရွယ်ချက်ကို သိရှိ ပြီး အားလျော့အားပျော့နေရာမှ တော်လှန်ရေးလူထုတိုက်ပွဲများတွင် အင်တိုက်အားတိုက်ပါဝင်စေလို သည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြောင်းဆိုသည်။

တော်လှန်ရုပ်ရှင်များအဖြစ် “မိုးခါးရေ” ၊ “There was ရှိခဲ့သည့် ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေး တယ်”ရုပ်ရှင်များအားပြသခဲ့ပြီး ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း ရုပ်သံဖိုင်ပေးပိုပြီး အားပေးစကားများ ပြောကြားခဲ့သည်။

ကျေးရွာပေါင်းစုံသပိတ်ကော်မတီဝင်များသည် နေ့စဥ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲများ သာမက စစ်ဘေးရှောင်ပြည်သူများကို တတ်နိုင်သမျှ ကူညီပေးခြင်းများလည်း လုပ်ဆောင်  နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required