ခင်ဦးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

By လွှမ်းမိုး (မဇ္ဈိမ)
01 September 2023
ခင်ဦးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား
ကာကွယ်ရေးတပ်ဖွဲ့ဝင်များပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေစဉ်

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့ အနောက်ခြမ်းရှိ ကံသာယာ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီအချိန်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားသည်ဟု Myanmar's Royal Dragon Army(MRDA) ၏ စေတန်တပ်ခွဲမှ တာဝန်ရှိသူထံက သိရသည်။

“ချုံခိုပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်၊ နှစ်ဖက်ပစ်ခတ်မှု မိနစ် ၄၀ ခန့် ဖြစ်ပွားပြီး မျက်မြင်စစ်သား လေးဦးသေဆုံးကာ ကိိုးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု စေတန်တပ်ခွဲမှူးက ဆိုသည်။

အင်အား ၁၇၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စေတန်တပ်ခွဲ (MRDA)မှ RDGF တပ်စု နှင့် ခင်ဦးမြို့နယ် ပလဖ(ပြည်သူ့လုံခြုံရေးတပ်ဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး အဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခင်ဦးမြို့ပေါ်  ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း အတွင်းသတင်းပေးများ၏ ပြောပြချက်အရ သိရသည်ဟု စေတန်တပ်ခွဲမှူးက ပြောသည်။

ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းများကြောင့် လောက်ရှည် ၊ လက်ပံလှ ၊ ရွာသန်း ၊ ကျီးကန်း ၊ သံဗိုလ် စသည့်ကျေးရွာများမှ  ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

ဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtube.com/shorts/ROYPeAtyto4
 

ရုပ်သံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့ဝင်များပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေစဉ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required