ကျဆုံး အာဇာနည်သူရဲကောင်းကို ချီတက်အလေးပြုသည့် ကျေးရွာပေါင်းစုံသပိတ်

By ပါခွီး(မဇ္စျိမ)
27 August 2023
ကျဆုံး အာဇာနည်သူရဲကောင်းကို ချီတက်အလေးပြုသည့် ကျေးရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်း၍ ကျဆုံး အာဇာနည်သူရဲကောင်းအား ချီတက်အလေးပြုပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့်ကျဆုံးခဲ့ရသည့် အာဇာနည်သူရဲကောင်း ကိုချမ်းမြေ့ကျော်အတွက် နှစ်နှစ် ၊ ငါးလမြောက် အထိမ်းအမှတ်အဖြစ် ၎င်း၏ဂူဗိမာန်တွင် ချီတက်အလေးပြုခဲ့ကြခြင်းဖြစ်သည်။

ထို့အတူ “ဖက်ဆစ်စိတ်ဓါတ် အမြစ်ဖြတ်” စာတမ်းကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရက် ပေါင်း (၈၈၈) ရက်မြောက်အဖြစ် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ကြသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

စာတည်း။       ။ ဖူးသိမ်ကျ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required