နိုင်ငံတဝှမ်း မိုးအားလျော့ကျလာနိုင်ဟုဆို

By ရောင်နီ (မဇ္စျိမ)
21 August 2023
နိုင်ငံတဝှမ်း မိုးအားလျော့ကျလာနိုင်ဟုဆို
ပုံအညွှန်း - မော်လမြိုင်မြို့ပေါ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း။ (ပုံ - ပညာမန္ဒအံင်)

မြန်မာနိုင်ငံတွင် လာမည့်ရက်သတ္တပတ်အတွင်း မုတ်သုံလေ အားလျော့ခြင်းကြောင့် တနိုင်ငံလုံးအတိုင်းအတာအားဖြင့် မိုးရွာသွန်းမှုလျော့ကျသွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတင်းထုတ်ပြန်သည်။  

ယနေ့  သြဂုတ်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၂၇ ရက်နေ့အထိ မိုးလေ၀သအခြေအနေကို MOHADM က ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။မိုးအားလျော့ကျသွားနိုင်၍ ရေကြီးရေလျှံမှုဘေး သက်သာသွားနိုင်သည်ဟု  ဆိုသည်။ 

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လမှ ဩဂုတ်လဆန်းအထိ  မုတ်သုံလေအားကောင်းခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အပါအ၀င်တိုင်းနှင့်ပြည်နယ်အများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ဇူလိုင်လအတွင်း ရေဘေးကြောင့် သေဆုံးသူ ငါး ဦးထက်မနည်းရှိခဲ့ပြီး လူဦးရေ ၄၀,၀၀၀ခန့် ဘေးကြုံခဲ့သည်။ 

စစ်ကောင်စီလက်‌အောက်ခံမိုးဇလဌာနက  သြဂုတ်လ ၂၁ ရက်မှ ဩဂုတ်လ ၃၀ရက်အထိ ရာသီဥတုခန့်မှန်းချက်ကို ယနေ့ထုတ်ပြန်ရာ ဒေသအများစု ပုံမှန်ခန့်သာ  မိုးရွာနိုင်သည်ဟု ဆိုထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required