မုံရွာထောင်မှ နိုင်ကျဉ်းများအား ထောင်ပြောင်းသည့်ယာဉ်တန်း မိုင်းဆွဲခံရမှုကြောင့် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

By 001 (မဇ္စျိမ)
17 August 2023
မုံရွာထောင်မှ နိုင်ကျဉ်းများအား ထောင်ပြောင်းသည့်ယာဉ်တန်း မိုင်းဆွဲခံရမှုကြောင့် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
Photo - မိုင်းဆွဲခံရမှု​ကြောင့် ​သေဆုံးသွားသည့် နိုင်၊ ကျဥ်း CDM ဆရာဝန် ​ဒေါက်တာ​ဇော်ထွယ်​အောင် (Chindwin Medical Network)

စစ်ကိုင်းတိုင်း၊ မုံရွာထောင်မှ အကျဉ်းသားများအား ထောင်ပြောင်းရန် တင်ဆောင်လာသည့် ကားငါးစီးပါယာဉ်တန်း ဩဂုတ်လ ၁၅ ရက်နေ့က မုံရွာ-မန္တလေးလမ်း မုံရွာမြို့အထွက်၌ မိုင်းဆွဲခံရမှု ကြောင့် CDM ဆရာဝန်ဒေါက်တာဇော်ထွယ်အောင်နှင့် ယာဉ်မောင်းဖြစ်သူသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPN) ထံမှ သိရသည်။

မုံရွာထောင်မှ အကျဉ်းသားများကို မန္တလေးနှင့် မြင်းခြံထောင်သို့ပြောင်းရွှေ့ရန် တာလပတ်များအုပ်ထား သည့် ကုန်တင်ကားငါးစီးဖြင့်ခေါ်ဆောင်လာစဉ် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း PPN မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

Photo - မိုင်းဆွဲခံရမှု​ကြောင့် ​သေဆုံးသွားသည့် နိုင်၊ ကျဥ်း CDM ဆရာဝန် ​ဒေါက်တာ​ဇော်ထွယ်​အောင် (Chindwin Medical Network)
 

“ပထမအကြိမ်မိုင်းဆွဲတဲ့အခါ ခုနစ်ဦးလောက်ထိသွားတယ်။ ဒေါက်တာနဲ့ ကားဒရိုင်ဘာကတော့ လမ်း တဝက်မှာတင် ဆုံးသွားတယ်ပေါ့နော်။ ကျန်တဲ့ငါးဦးကတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့ သိရ တယ်။ မိုင်းက နှစ်ကြိမ်ဆွဲခံရတယ်ပြောတယ်။ နောက်ထပ်တကြိမ်မှာ အယောက် ၂၀ လောက် ထိသွား တယ် ပြောတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်စဉ်မှ အရေးပေါ်ဆေးရုံတင်ရသည့်ငါးဦးတွင် ဒေါက်တာဇော်ထွယ်အောင်နှင့်တွဲ၍ ချုပ်နှောင် ခံရသည့် ကိုအာကာငြိမ်းချမ်း၊ ကိုဝေယံထက်တို့လည်းပါဝင်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လုပ်ဆောင်မှုဖြစ်ကြောင်း မသိရသေးသကဲ့သို့ စစ်ကောင်စီဘက်မှလည်း တစုံတရာ ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပေ။

ထောင်ပြောင်းရွှေ့မှုတွင် နိုင်ငံရေးအကျဉ်းသားအများစုပါဝင်ပြီး အခြား ရာဇဝတ်မှုအကျဉ်းသားအချို့ လည်းပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကပြောသည်။

သေဆုံးသွားသည့် ကချင်လူမျိုးဆရာဝန် ဒေါက်တာဇော်ထွယ်အောင်မှာ နွေဦးတော်လှန်ရေးစတင်ချိန် ကတည်းက တက်ကြွစွာပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်းရှိစစ်ဘေးရှောင်များကိုလည်း နယ်လှည့်ဆေး ကုသပေးနေသူဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း Chindwin Medical Network က ၂၀၂၁ ခုနှစ်အတွင်းက ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly