ရေဖြူမြို့နယ်  ဧကနိကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီး 

By ကိုရွှေမြိတ် (မဇ္ဈိမ)
16 August 2023
ရေဖြူမြို့နယ်  ဧကနိကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီး 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြု့နယ် ဧကနိကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ရေဖြူမြို့နယ်အတွင်းမှကျေးရွာများအား စစ်ကြောင်းထိုးနေသည် မှာ ငါးရက်ခန့်ရှိနေပြီးဖြစ်ပြီး ဧကနိကျေးရွာသို့ ဩဂုတ်လ ၁၄ ရက်နေ့က ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

 “စစ်တပ်က ၁၄ ရက်နေ့မှ ရွာထဲစဝင်လာပြီး မီးရှို့တာ။ ညပိုင်းအထိမီးလောင်နေတော့ ရွာသားတွေ ကြောက်လို့ အကုန်ထွက်ပြေးနေရတယ်”ဟု ရေဖြူမြို့ခံတဦးကပြောသည်။

စစ်ကောင်စီတပ်က အရပ်သားနေအိမ်များကိုပစ်မှတ်ထားပြီး အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ည ၈ နာရီအထိ မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၄၀ ခန့် မီးလောင်ပြာကျသွားသည်ဟု ဒေသခံများက ပြောသည်။

“နှစ်ဖက်တိုက်ပွဲဖြစ်နေတော့ ဘယ်သူမှရွာကိုမပြန်ရဲသေးဘူး။ စစ်တပ်က လူတွေတွေ့ရင် ဖမ်းတာရှိနေ တော့ ကြောက်နေရတယ်” ဟု ဧကနိကျေးရွာမှ စစ်ရှောင်တဦးက ပြောသည်။

စစ်ကောင်စီတပ်က ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဧကနိကျေးရွာအနီး တောအတွင်း၌ စစ်ဘေး ရှောင်ဘုန်းကြီးတပါးနှင့် အရပ်သားတဦးကိုဖမ်းဆီးပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပြောဆိုမှုရှိသော် လည်း မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေး။

စစ်ကောင်စီတပ်သည် ဧကနိကျေးရွာတဝိုက်တွင် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ခုခွဲကာ စစ် ကြောင်းထိုးခဲ့ပြီး ယခုအခါ နေအိမ်များကိုဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများခိုးယူနေကြောင်းသိရ သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် ဧကနိနှင့် ဝဇွမ်းတောအပါအဝင် ကျေးရွာရှစ်ရွာခန့်မှ ဒေသခံ အများအပြား စစ်ဘေးရှောင်နေရပြီး တောထဲတွင် စားရေးသောက်ရေးနှင့် နေထိုင်ရေးအခက်အခဲဖြစ်ပေါ် နေကြောင်း သိရသည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly