KNU တပ်မဟာ(၅)နယ်မြေမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တာဝန်မှနုတ်ထွက်ခြင်းမပြုပါက ထိရောက်စွာအရေးယူမည်ဟု သတိပေး

By YT (မဇ္ဈိမ)
09 August 2023
KNU တပ်မဟာ(၅)နယ်မြေမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တာဝန်မှနုတ်ထွက်ခြင်းမပြုပါက ထိရောက်စွာအရေးယူမည်ဟု သတိပေး
ဓါတ်ပုံ (လူမှုကွန်ယက်) ပုံအညွှန်း- ဖာပွန်မြို့အဝင်ဆိုင်းဘုတ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း တာဝန်မှနုတ်ထွက်ခြင်းမရှိဘဲ ကျန်ရှိနေသေးသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်မှ အမြန်ဆုံးနုတ်ထွက်ရန် နှင့် မလိုက်နာသူများအား ထိရောက်သည့်အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် အမှတ်(၅)တပ်မဟာဌာနချုပ်က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

“KNU မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာ၏ အုပ်ချုပ်ရေးနယ်မြေအတွင်း နိုင်ငံတော်အာဏာကို မတရား သိမ်းယူထားသည့် စစ်အစိုးရ၏ စစ်ရေးကျူးကျော်ဝင်ရောက်မှုများ၊ အုပ်ချုပ်ရေးကျူးကျော်ဝင် ရောက်မှု များသည် ယနေ့ထိ ဆက်လက်ကျူးကျော်နေဆဲ ရှိနေသေးသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
တပ်မဟာ(၅)နယ်မြေအတွင်း အထိုင်ချလျက်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း များ၊ အုပ်ချုပ်ရေးမှူးကို ၎င်းတို့၏ ရာထူးမှ ၁၀ ရက်အတွင်း နုတ်ထွက်စွန့်ခွာရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက ပထမအကြိမ် အသိပေးထုတ်ပြန်ခဲ့သော်လည်း အဆိုပါ ထုတ်ပြန်ချက် အပေါ် လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီအကျိုးရှိစေရန် ဆက်လက် အလုပ်လုပ်နေသူများ ကျန်ရှိနေသေး ကြောင်း ဆိုသည်။

ကျန်ရှိသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများအနေဖြင့် KNU တပ်မဟာ(၅)၏ ထုတ်ပြန်ချက် အပေါ်လိုက်နာ၍ ၎င်းတို့၏ရာထူးမှ အမြန်ဆုံးနုတ်ထွက်ရန်နှင့် လိုက်နာခြင်းမရှိပါက အမိန့်ဆန့်ကျင်သူ များအဖြစ်သက်မှတ်ကာ ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည့်အကြောင်း ဖော်ပြထားသည်။
KNU တပ်မဟာ (၅) နယ်မြေတွင် နေ့စဉ်နှင့်အမျှ စစ်ကောင်စီတပ်၊ ၎င်း၏လက်အောက်ခံ ကရင်နယ်ခြား စောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅)၊ PDF ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီကလည်း နည်းမျိုးစုံသုံးကာ အင်အားတိုးချဲ့ မှုများ ပြုလုပ်နေကြောင်း သိရသည်။

“တိုက်ပွဲက နေ့တိုင်းရှိတယ်။ ရန်သူကလည်း အင်အား ထပ်ထပ်တိုးနေတုန်းပဲ။  ကား၊ လေယာဉ်တွေသုံး ပြီး အင်အားလာချတာတို့ ရိက္ခာလာချတာတို့ လုပ်တယ်။ လမ်းမရှိတဲ့နေရာတွေဆို မြင်းတွေသုံးတယ်"ဟု တပ်မဟာ(၅) သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required