မရကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်ဆီး  နေအိမ် ၃၁ လုံးမီးလောင်ဆုံးရှုံး (ရုပ်သံ၊သတင်း)

By MTO (မဇ္ဈိမ)
04 August 2023
မရကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်ဆီး  နေအိမ် ၃၁ လုံးမီးလောင်ဆုံးရှုံး (ရုပ်သံ၊သတင်း)

စစ်ကိုင်းတိုင်း၊  ဒီပဲယင်းမြို့နယ်အတွင်းမှာ ရှိတဲ့ မရကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်း ထိုးဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားလို့ နေအိမ် ၃၁ လုံး အထိ မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ရေဦးမြို့နယ်မှ ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၂ ရက်နေ့ တွင် မရကန်ကျေးရွာကို ဝင်ရောက်မီးရှို့သွားတာဖြစ်ပြီး ပထမ အကြိမ်မီးရှို့တုန်းက မီးထဲပါသွားလို့ ပြန်လည်တည်ဆောက်ထားတဲ့ ယာယီတဲလေးတွေပါ ထပ်ပြီး မီးထဲပါသွားတယ်လို့ ဒီပဲယင်းညီနောင်များ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း - MTO
တည်းဖြတ်၊တင်ဆက် - MTO
စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly