ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်း ရွာပေါင်းစုံသပိတ်ကော်မတီသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ယနေ့ ဇူလိုင်လ၂၈ရက်တွင် ပြုလုပ်ကြသည်။
စစ်ကိုင်းတိုင်းမှ ထိုလူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခဲ့ကြပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြောင်းသိရသည်။
ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့် ကျင်ရေး (၈၅၈) ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။
ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး