အီးယူက မြန်မာအပေါ် ၇ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်

By Malay Mail
21 July 2023
အီးယူက မြန်မာအပေါ် ၇ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်

ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ မှစကာ အကြမ်းဖက်မှုများ မြင့်တက်နေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို တုံ့ပြန်ခြင်းအဖြစ် ဆိုလျက် ဥရောပသမဂ္ဂ အီးယူသည် မြန်မာနိုင်ငံအပေါ် ခုနစ်ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုအား ဇူလိုင် ၂၀ ရက်တွင် ချမှတ်သည်။

ယခု ဒဏ်ခတ်ပိတ်ဆို့မှုတွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ဝန်ကြီးများ အပါအဝင် လူပုဂ္ဂိုလ် ခြောက်ဦးနှင့် အဖွဲ့အစည်းတစ်ရပ်ကို ပစ်မှတ်ထားကြောင်း အီးယူ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဒဏ်ခတ်ပိတ်ဆို့ရာတွင် ဝန်ကြီးများအနေဖြင့် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး မြင့်ကြိုင်၊ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ပွင့်ဆန်းနှင့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့ အပြင် စစ်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော အောင်ကျော်မင်းနှင့် ပိုးရယ်အောင်သိန်းနှင့် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ ပါဝင်သည်။

“လက်ရှိဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုက စုစုပေါင်း လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုအထိ ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်တယ်၊ ဒီ ဒဏ်ခတ်ပိတ်ဆို့ခံတွေအနေနဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံရမှာ ဖြစ်သလို အီးယူပိုင်နက်အတွင်း ဝင်ရောက်ခြင်း၊ အကူးအပြောင်းလုပ်ခြင်းတွေကိုပါ ခရီးသွားလာခွင့် တားမြစ်တာ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်၌ ထပ်လောင်းဖော်ပြသည်။

“ဒါပြင် အီးယူက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအနေလည်း ဒီ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းပါတွေဆီ ရန်ပုံငွေ ရရှိစေခြင်းကနေ တားမြစ်ထားတာ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်၌ ဆိုထားသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ အာဏာသိမ်းချိန်မှစကာ အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြစ်ပေါ်စေသော အတိုက်အခံများအပေါ် သွေးထွက်သံယို ဖြိုခွင်းခြင်းများနောက် စစ်တပ်ကို တွန်းလှန်တိုက်ခိုက်လာခြင်းများနှင့်အတူ ဝရုန်းသုန်းကား အခြေဆိုက်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ လွယ်လင့်တကူ အနိုင်ရခဲ့သည့် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ၌ မဲမသမာမှုရှိခြင်းကြောင့် အာဏာသိမ်းသည်ဟု အာဏာသိမ်း စစ်ကောင်စီက ဆိုသော်လည်း မဲလိမ်မှု ကြီးကြီးမားမား ရှိသည့် သက်သေ မတွေ့ရကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သည့် အုပ်စုများက ပြောသည်။

ငြိမ်းချမ်းရေး မရနိုင်ခြင်းသည် COVID ကပ်ဘေးနှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက ယခင်က အပြစ်ထားသည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required