စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်

By ပါခွီး (မဇ္စျိမ)
20 July 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ရွာပေါင်းစုံစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇူလိုင် ၂၀ ရက် တွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အာဇာနည်မျိုးသေရိုးမရှိ” ဟူသည့် စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ဆာလးင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း (၈၅၀) ရက်နေ့မြောက် ဖြစ်ကြောင်းဆိုသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required