“အာဇာနည်မျိုး သေရိုးမရှိ” ဆိုသည့် ရွာပေါင်းစုံသပိတ် 

By ပါခွီး(မဇ္စျိမ)
16 July 2023
“အာဇာနည်မျိုး သေရိုးမရှိ” ဆိုသည့် ရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများက စုပေါင်း  စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့  ဇူလိုင်လ၁၆ရက်တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အာဇာနည်မျိုးသေရိုးမရှိ” ဆိုသည့် စာတန်းကို ကိုင်စွဲ ပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်ကြောင်သိရသည်။

ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင် ဆန့်ကျင်ရေး ရက်ပေါင်း (၈၄၆) ရက်အဖြစ် သွေးမအေးသည့် ရွှေနွယ်သွေး သပိတ် စစ်ကြောင်းနှင့် ပူးပေါင်းချီတက်ခဲ့ခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required