ဘုတလင်မြို့နယ်က ဒေသခံတွေ ၁ နှစ်ကျော်ကြာစစ်ရှောင်လာချိန် ဘာတွေကြုံနေရလဲ(ရုပ်သံ)

By လွှမ်းမိုး (မဇ္ဈိမ)
03 July 2023
ဘုတလင်မြို့နယ်က ဒေသခံတွေ ၁ နှစ်ကျော်ကြာစစ်ရှောင်လာချိန် ဘာတွေကြုံနေရလဲ(ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတောကျေးရွာအုပ်စုအတွင်းက ဒေသခံတွေဟာ စစ်ကောင်စီ တပ်ဖွဲ့က ကျေးရွာတွေထဲ စစ်ကြောင်းထိုးပြီး တပ်စွဲထားတဲ့အတွက် စစ်ရှောင်နေရတာ တစ်နှစ်ကျော် ကြာပြီ ဖြစ်ပါတယ်။

လက်ရှိ စစ်ရှောင်နေကြတဲ့နေရာမှာ သောက်သုံးရေရှားပါးတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင် ကြားကြမယ့် ကျောင်းနေအရွယ်ကလေးတွေအတွက် ပညာသင်ကြားခွင့်ရရှိဖို့ အခက်အခဲကြုံနေကြရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရှောင်နေတဲ့နေရာကနေ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းပစ်ခတ်မယ့် အခြေအနေကိုလည်း စိုးရိမ် ထိတ်လန့်နေရတယ်လို့ ဒေသခံက ပြောပါတယ်။

ကူတောကျေးရွာအုပ်စုအတွင်းက ဒေသခံတွေရဲ့ စစ်ရှောင်‌နေကြတဲ့ တစ်နှစ်ကျော်အတွင်းမှာ ကြုံတွေ့ ရတဲ့အခြေအနေတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

ရုပ်သံတည်းဖြတ်။        ။ ရွှေနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required