ရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

By ပါခွီး (မဇ္စျိမ)
02 July 2023
ရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဇူလိုင်လ၂ရက်တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။     

လူထုသပိတ်စစ်ကြောင်းသည် ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လှုပ်ရှားမှုများရှိနေပြီး နယ်မြေမတည်ငြိမ်မှုများကြားမှ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

ဆန္ဒပြသူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကာ ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုကြကြောင်း သိရသည်။

ယနေ့ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သည့် ရက်ပေါင်း ၈၃၂ ရက်မြောက်နေ့ ဖြစ်သည်။

အဆိုပါ ရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြကြခြင်းဖြစ်သည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required