ထိုင်းဝန်ကြီးချုပ်လောင်း COVID-19 ကူးစက်ခံရ

By Bernama.com
21 June 2023
ထိုင်းဝန်ကြီးချုပ်လောင်း COVID-19 ကူးစက်ခံရ
Photo-AFP

ထိုင်းဝန်ကြီးချုပ်လောင်း ပီတာ လင်ဂျာရွန်ရတ်သည် COVID-19 ကူးစက်ခံရကြောင်း သိရသည်။

Move Forward Party ၏ ခေါင်းဆောင် အသက် ၄၂ နှစ်အရွယ် ၎င်းသည် မေ ၁၄ ရက် ရွေးကောက်ပွဲ၌ ပါတီက အံ့အားသင့်ဖွယ် အနိုင်ရပြီးနောက် နိုင်ငံအနှံ့က ထောက်ခံသူများနှင့် တက်တက်ကြွကြွ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

COVID-19 လက္ခဏာများကို ခံစားရကြောင်း ပီတာက တွစ်တာတွင် တနင်္ဂနွေနေ့၌ ပို့စ်တင်ခဲ့သည်။ အင်္ဂါနေ့၌ Antigen Test Kits ကို သုံးကာ စမ်းသပ်ကြည့်ရာ၌ COVID-19 ကူးစက်ကြောင်း တွေ့ရှိရသည်ဟု ကာကွယ်ဆေး ခြောက်ကြိမ် ထိုးပြီးသည့် ပီတာက ဆိုသည်။

“အပျော့စားလက္ခဏာတွေ ခံစားခဲ့ရတာပါ၊

ကျေးဇူးပြုပြီး ကျွန်တော်ကို အိမ်မှာ သီးခြားနေခွင့်ပြုပြီး ဗိုင်းရပ်စ် မပြန့်အောင် တားဆီးခွင့်ပြုပါ”ဟု ၎င်းက ပို့စ်တင်သည်။

ကုန်လွန်ခဲ့သည့် သီတင်းပတ်အတွင်း မိမိနှင့် ထိတွေ့ကြသူများအနေဖြင့်လည်း ရောဂါလက္ခဏာ စမ်းသပ်စစ်ဆေးရန် ၎င်းက တိုက်တွန်းသည်။

ပီတာ၌ COVID-19 ဖြစ်ပြီးသည့်နောက် အစိုးရဖွဲ့ရေး ဆွေးနွေးရန် ကြာသပတေးနေ့ တွေ့ဆုံရန် စီစဉ်ထားသည့် Move Forward ပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ အစည်းအဝေးကို လာမည့်သီတင်းပတ်သို့ ရွှေ့ဆိုင်းမည် ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။) https://www.bernama.com/en/world/news.php?id=2199909

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly