စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ အနီးအနားပတ်ဝန်းကျင်က ရွာပေါင်း ၃၀ ကျော်အတွက် ပရဟိတ အခမဲ့ဆေးခန်းကို ဇွန်လ ၁၈ ရက်နေ့ကစပြီး ဖွင့်လှစ်လိုက်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ ပရဟိတ အခမဲ့ဆေးခန်းအတွက် ကူညီခဲ့တဲ့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံက မဇ္ဈိမ ကိုပြောပါတယ်။
ဒီပဲယင်းမြို့နယ်၊အရာတော်မြို့နယ်၊ရွှေဘိုမြို့နယ် တစ်ဝိုက်က ကျေးရွာနေပြည်သူတွေနဲ့စစ်းဘေးရှောင်တွေပါ လာရောက်ပြသနိုင်ပြီး တပတ်ကို (၆)ရက်ဖွင့်လှစ်သွားဖို့ရှိနေပါတယ်။
မြွေကိုက်ခံ ပိုးထိလူနာတွေ အနေနဲ့ ဆေးခန်းကို အချိန်မရွေးဆက်သွယ်နိုင်ပြီး မြွေဆိပ်ဖြေဆေးသွားရောက်ထိုးပေးဖို့လည်း စီစဉ်ထားတယ်လို့သိရပါတယ်။
တင်ဆက်၊ တည်းဖြတ် - KMN
စာတည်း ။ ။ Alden