ယူကရိန်းကိုပေးတဲ့ အကူအညီရဲ့ ၁ ရာခိုင်နှုန်းမျှရခဲ့ရင် လပိုင်းအတွင်းအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်ဟု တော်လှန်ရေးခေါင်ဆောင်များ အသိပေး

ယူကရိန်းကိုပေးတဲ့ အကူအညီရဲ့ ၁ ရာခိုင်နှုန်းမျှရခဲ့ရင် လပိုင်းအတွင်းအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်ဟု တော်လှန်ရေးခေါင်ဆောင်များ အသိပေး

မြန်မာနိုင်ငံဟာ ယူကရိန်းနိုင်ငံကဲ့သို့ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုများ ထိုက်တန်ပြီး ၊ယူကရိန်းရရှိတဲ့ အကူအညီများရဲ့  ၁ ရာခိုင်နှုန်းရလျှင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကိုလပိုင်းအတွင်းအနိုင်ယူပြီးအောင်ပွဲရယူနိုင်ကြောင်း သက်သေပြနိုင်တယ်လို့ တော်လှန်ရေးခေါင်ဆောင်များက အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)မှာ ဆောင်းပါးရေးသားတိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)မှာ ဖော်ပြထားတဲ့ ‘Like Ukraine, Myanmar Deserves International Aid’ (ယူကရိန်းကဲ့သို့ပင် မြန်မာသည်လည်း နိုင်ငံတကာအကူအညီနှင့်ထိုက်တန်သည်) အမည်ဖြင့် လေ့လာဆန်းစစ်ချက်သဘောထားအမြင်ဆောင်းပါးမှာ ၊KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်သောဗိုလ်ချုပ်ဂွန်မော်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို့ကပထဆုံးအကြိမ် ပူးပေါင်းရေးသားထားခြင်းဖြစ် ပါတယ်။

 မြန်မာပြည်သူလူထုဟာ် စစ်အုပ်ချုပ်မှု အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တစ်သံတည်းထွက်ကာ စည်းလုံးစွာကြိုးပမ်းချီတက်နေကြောင်း အထက်ပါဆောင်းပါးမှာဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required