ရွှေကူ KPDF အမှတ်(၁၂)တပ်ရင်းနယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့် မပြု

By အဂမ် (မဇ္ဈိမ)
12 June 2023
ရွှေကူ KPDF အမှတ်(၁၂)တပ်ရင်းနယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့် မပြု

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် KPDF အမှတ်(၁၂)နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့်ပြုမည်မဟုတ်ကြောင်း အမှတ်(၁၂) KPDF တပ်ရင်းဌာနချုပ်က ယနေ့ ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အမှတ်(၁၂) KPDF တပ်ရင်းနယ်မြေတွင် တိုက်ပွဲများကျယ်ပြန်လာသလို ကလေးများ၏အနာဂတ်ပညာ ရေးအတွက် ယခုကဲ့သို့ သတိပေးထုတ်ပြန်စာထုတ်ပြန်ရခြင်းဖြစ်နိုင်ကြောင်း KPDF နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။

“ကျနော်တို့ဘက်မှာက ဒီနှစ်ပိုင်းတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ပြီးခဲ့တဲ့ရက်တွေအထိတောင်ဖြစ် နေတာလေ။ နောက်ပြီး အချိန်တိုလေးမှာဘာမှမသင်ဘဲ ကလေးတွေအတန်းတွေ ဇွတ်တင်ပေးလိုက်မှာ ကို ကျနော်တို့ မကြိုက်ဘူး။ ဒါကြောင့် စစ်ရေးနဲ့လည်း ထိခိုက်လာမှာစိုးလို့ ကျောင်းတွေမဖွင့်ဖို့ စာထုတ် လိုက်တာဖြစ်နိုင်တယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

သတိပေးထုတ်ပြန်စာတွင် စစ်ကောင်စီလက်အောက်ခံ Non - CDM ဝန်ထမ်းများနှင့် စစ်ကောင်စီကို အား ပေးအားမြှောက်လုပ်သူများကိုလည်း ထိုက်သင့်သောပြစ်ဒဏ်များဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းပါ ရှိသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required