အာရှဒေသ၌ ရာသီအလိုက် စံချိန်မှတ်တမ်းများကို ချိုးဖျက်သည့် အပူချိန်လွန်ကဲမှုကို ခံစားရ

အာရှဒေသ၌ ရာသီအလိုက် စံချိန်မှတ်တမ်းများကို ချိုးဖျက်သည့် အပူချိန်လွန်ကဲမှုကို ခံစားရ

အာရှဒေသရှိ နိုင်ငံများသည် ဒေသတစ်ဝန်းလုံး၌ ရာသီအလိုက်ဖြစ်သော အပူချိန်မှတ်တမ်းစံချိန်များကို ကျော်လွန်ချိုးဖျက်ခဲ့သည့် အပူချိန်လွန်ကဲပြင်းထန်မှု၏ နောက်ထပ် အလှည့်ကို ခံစားခဲ့ရသည် ဖြစ်ရာ လျင်မြန်စွာ ပြောင်းလဲနေသော ရာသီဥတုနှင့် ၎င်းတို့၏ နေသားတကျ ဖြစ်နိုင်စွမ်းအပေါ် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။

ဧပြီလအတွင်း အာရှတိုက်၏ နေရာဒေသအများအပြားတွင် ပန်းလျထိခိုက်စေသော အပူလှိုင်းများ ကျရောက်ပြီးနောက် မေလကုန်ပိုင်းတွင်လည်း အပူချိန်များက တစ်ဖန် မြင့်တက်ခဲ့သည်။ မေလကုန်သည် ပုံမှန်အားဖြင့် ပိုမိုအေးမြသော မုတ်သုံရာသီ အစ ဖြစ်သည်။

ရာသီအလိုက် အပူချိန်မြင့်တက်မှုများကို တရုတ်၊ အရှေ့တောင်အာရှ နှင့် အခြားနေရာများတွင် မှတ်တမ်းတင်သိရှိခဲ့ပြီး နောက်ထပ် ထပ်လာရန် ရှိသေးသည်ဟုလည်း ကျွမ်းကျင်သူများက သတိပေးသည်။

“ဒါတွေက မိမိတို့ အသားတကျဖြစ်ဖို့၊ လိုက်လျောညီထွေနေဖို့၊ လျော့ပါးသက်သာအောင် လုပ်ဖို့ လိုအပ်တဲ့ ဖြစ်စဉ်တွေလား ဆိုတာကို ပြောလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရာသီဥတု ပြောင်းလဲမှုက ရှေ့ဆက်တိုးနေလို့ ဒီအခြေအနေတွေက သာပြီး ဆိုးဖို့ပဲ ရှိလို့ဖြစ်တယ်” ဟု ဩစတြေးလျ နယူးဆောက်ဝေး တက္ကသိုလ်မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဆာရာ ပါ့ကင်စ်-ကာ့ခ်ပတ်ထရစ်က ပြောသည်။

ဗီယက်နမ်နိုင်ငံ၌ ဇွန်လထဲအထိ ဆက်ရှိနေဖွယ် ရှိနေသည့် အပူလှိုင်းကြောင့် အာဏာပိုင်များသည် လမ်းမီးများကို ပိတ်ရန်နှင့် လျှပ်စစ်မီးကို ခွဲတမ်းဖြင့် ပေးရန် မဖြစ်မနေ လုပ်ဆောင်ထားကြရပြီး ဖြစ်သည်။ အကြောင်းမှာ လေအေးပေးစနစ် တောင်းဆိုမှု မြင့်မားခြင်းကြောင့် ဓာတ်အားကွန်ရက်စနစ်အပေါ် ဝန်ပိစေရန် ခြိမ်းခြောက်နေ၍ ဖြစ်သည်။
'
အကယ်၍ ကမ္ဘာကြီးအနေဖြင့် ယခုရာစုနှစ်တွင် ပျမ်းမျှ ၂ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ် မြင့်တက်မှုကို ဖြစ်စေရန် လက်ရှိလမ်းကြောင်းအတိုင်းသာ ဆက်ရှိနေပါက လူပေါင်း ၂ ဘီလီယံခန့်သည် အန္တရာယ်ရှိသော အပူချိန်ဒဏ် ခံရလိမ့်မည် ဖြစ်ပြီး အိန္ဒိယက အဆိုးဆုံးထိခိုက်ဖွယ် ရှိကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်သည့် အခြားသော လေ့လာချက်တစ်ရပ်တွင် သိပ္ပံပညာရှင်များက သတိပေးထားသည်။

Heat shatters seasonal records in Asia

Please credit and share this article with others using this link:https://www.bangkokpost.com/world/2583136/heat-shatters-seasonal-records.... View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Bangkok Post PCL. All rights reserved.
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required