စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်စဉ် ရွာသွန်းခဲ့ တဲ့မိုးကြောင့် ပဲတီစိမ်းဧကထောင်ချီပြီး ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။
ပဲတီစိမ်းစိုက်ခင်းတွေဟာ ရက်ရှည်မုန်တိုင်းမိုးကြောင့် အပင်တွေရေမြုပ်ပြီး အသီးတွေပုတ်ကုန်တာ ကြောင့် ကျပ်သိန်းထောင်ချီ ဆုံးရှုံးခဲ့ကြရပါတယ်။
ရိတ်သိမ်းခါနီး တစ်ရက်နှစ်ရက်အလိုမှာ မုန်တိုင်းဝင်ရောက်ခဲ့တာဖြစ်ပြီး မေလ ၁၇ ရက်နေ့အထိ စိုက်ခင်း တွေ ရေနစ်မြုပ်နေတုန်းပဲလို့ ကွင်းဆင်းလေ့လာခဲ့တဲ့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက် ရေးအဖွဲ့တာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေ ကျေးရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တဝိုက် ကတောင်သူတွေ သိုလှောင်ထားတဲ့ စပါးတင်းထောင်ချီပြီး မီးလောင်ဆုံးရှုံးခဲ့ရပါသေးတယ်။
တင်ဆက်၊တည်းဖြတ် - KMN