ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကို ဦးတည်နေ

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကို ဦးတည်နေ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ် (deep depression) သည် ဆိုင်ကလုန်း မုန်တိုင်းတစ်ခု (မိုခါ) အဖြစ် ညတွင်းချင်း ရောက်ရှိခဲ့ပြီး ယင်းသည် ဘင်္ဂလားဒေ့ရှ်၏ ကော့ဇ် ဘဇားဒေသနှင့် မြန်မာနိုင်ငံ စစ်တွေမြို့အကြားမှတစ်ဆင့် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်ဖွယ် ရှိကြောင်း အိန္ဒိယ မိုးလေဝသတာဝန်ရှိသူများက မေလ ၁၁ ရက် မနက်ပိုင်းတွင် ပြောသည်။

‘မိုခါ’ ဟု အသံထွက်ပြီး ယီမင်က Mocha ဟု အမည်ပေးထားသည့် အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အက်ဒမန် ကျွန်းစုတွင် မိုးသည်းထန်စွာ ရွာသွန်းဖွယ် ရှိကြောင်း ၎င်းတို့က ပြောသည်။

ထို ဆိုင်ကလုန်း မုန်တိုင်းသည် ဒေသစံတော်ချိန် မနက် ၈ နာရီ ခွဲတွင် ပို့တ် ဘလဲမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၅၁၀ ခန့်အကွာတွင် ရှိနေကြောင်း အိန္ဒိယ မိုးလေဝသ ဌာန (IMD) က ပြောသည်။

မုန်တိုင်းသည် ယနေ့ညတွင် အလွန်အားပြင်းသည့် ဆိုင်ကလုန်း မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲရောက်ရှိဖွယ် ရှိကြောင်း ယင်းကပြောသည်။

“မုန်တိုင်းဟာ မေလ ၁၃ ရက် ညနေပိုင်းမှာ အမြင့်ဆုံးပြင်းအားအဆင့်ကို ရောက်ရှိပါလိမ့်မယ်” ဟု IMD က ပြောသည်။

ယင်းမုန်တိုင်းသည် မေလ ၁၄ ရက် မနက်ပိုင်းမှစပြီး အနည်းငယ် အားလျော့သွားဖွယ် ရှိပြီး လေတိုက်နှုန်း တစ်နာရီ ၁၂၀ ကီလိုမီတာနှင့် ၁၃၀ ကီလိုမီတာနှုန်းဖြင့် ကော့ဇ် ဘဇားနှင့် ကျောက်ဖြူအကြား ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းများကို ဖြတ်ကျော်ဖွယ်ရှိကြောင်း IMD က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required