မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာ

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ဖို့ အာဆီယံ ကြေညာ

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုများအတွက် အလေးအနက်စိုးရိမ်ပူပန်ပြီး အကြမ်းဖက်မှုများချက်ချင်းရပ်တန်ဖို့  အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN က မေလ ၁၀ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေ အရှိန်မြှင့်လာနေပြီး မကြာသေးခင်က သံတမန်တွေ လိုက်ပါသွားတဲ့ ထောက်ပံ့ရေးယာဉ်တန်း ရှမ်းပြည်နယ်မှာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေကိုလည်း အာဆီယံ အစုအဖွဲ့က ရှုတ်ချခဲ့ပါတယ်။

လက်ရှိ အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းဟာ အဓိက ဦးစားပေး ဆွေးနွေးတဲ့ ခေါင်းစဉ် ဖြစ်နေပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly