ကရင်နီကစစ်ရှောင်စခန်းတွေမှာ လက်နက်ကြီးကျလို့ စစ်ဘေးရှောင်တွေထိခိုက်မှုရှိနေ

By MTO(မဇ္ဈိမ)
24 April 2023
ကရင်နီကစစ်ရှောင်စခန်းတွေမှာ လက်နက်ကြီးကျလို့ စစ်ဘေးရှောင်တွေထိခိုက်မှုရှိနေ

ကရင်နီပြည်နယ် ဒီးမော့ဆို မြို့နယ်ထဲ က စစ်ရှောင်စခန်းတွေဘက်ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်နေလို့ စစ်ရှောင်တဲတွေ ပျက်စီးမှု ရှိနေသလို စစ်ဘေးရှောင် တချို့လည်း ထိခိုက်မှုတွေ ရှိနေပါတယ်။

ဒီရက်ပိုင်းအတွင်း ဒီးမော့ဆို မြို့နယ်ထဲက စစ်ရှောင်စခန်း တစ်ခုကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ ပြည်နယ်က စစ်ရှောင်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ Job For Kayah အဖွဲ့ က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို သတင်းထောက် MTO က တင်ဆက်ထားပါတယ်။

တည်းဖြတ်၊ တင်ဆက် - MTO
စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required