ပဇီကြီးရွာတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက်ထပ်ထိုးလာနေပြီး လေကြောင်းတိုက်ခိုက်မှုတွင် အသေအပျောက်အများဆုံးဖြစ်

ပဇီကြီးရွာတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက်ထပ်ထိုးလာနေပြီး လေကြောင်းတိုက်ခိုက်မှုတွင် အသေအပျောက်အများဆုံးဖြစ်

ကန့်ဘလူမြို့နယ်၊ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်မှုမှာ သေဆုံးပြည်သူဦးရေ ၁၂၀ခန့်အထိရှိလာပြီး ၊စစ်ကောင်စီတပ် ရဟတ်ယာဉ်များက ပဇီကြီးရွာသို့ ဧပြီလ ၁၂ ရက်နေ့မှာလည်းတစ်နေကုန်လာရောက်ခြိမ်းခြောက်ကာ ရှာဖွေကယ်ဆယ်ရေးကောင်းစွာမလုပ်နိုင်ကြောင်း  သိရပါတယ်။

စစ်ကောင်စီက လေကြောင်းမှ အဆက်မပြတ်ကင်းထောက်ခြိမ်းခြောက်နေခြင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မြေပြင် သက်သေအထောက်အထားများဖျောက်ဖျက်ရန် ကြိုးပမ်းနေတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG ) ကဧပြီ ၁၂ ရက်  ညနေ ၇ နာရီအထိရရှိထားသော စာရင်းများအရ သေဆုံးသူ ၁၁၆ ဦးရှိလာပြီးဖြစ်ကြောင်းသိရပါတယ်။

သေဆုံးသူတွေမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၉ ဦး (ယောကျ်ားလေး ၈ ဦး၊ မိန်းကလေး ၁၁ ဦး) နဲ့ အသက် ၁၈ နှစ်အထက် ၉၇ ဦး (အမျိုးသား ၈၁ ဦး ၊အမျိုးသမီး ၁၆ ဦး) ဖြစ်ကြောင်း NUG ရဲ့ တာဝန်ရှိသူထံမှသိရပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required