ယခု ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲ ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီထုတ်ပြန်တဲ့ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအချက်အလက် တွေအရ သိရပါတယ်။
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်နေ့ကစပြီး အကျိုးသက်ရောက်စေတယ်လို့ ဆိုထားပါတယ်။