စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ရွှေမြစန္ဒီမြို့သစ်မှ နေအိမ်များပျက်စီး

By ကော်သူးလေ(မဇ္ဈိမ)
29 March 2023
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ရွှေမြစန္ဒီမြို့သစ်မှ နေအိမ်များပျက်စီး

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ရွှေမြစန္ဒီမြို့သစ်ကို စစ်ကောင်စီတပ်မှ မတ်လ ၂၈ ရက်နေ့ နံနက် ၅ နာရီမှ ညနေ ၅ နာရီအထိ လက်နက်ကြီးဖြင့် (၄၈)ကြိမ် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အများအပြားပျက်စီးကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

လက်နက်ကြီးဖြင့်ပစ်ခတ်ခံရသည့် ရွှေမြစန္ဒီမြို့သစ်သည် မြဝတီကုန်သွယ်ရေးဇုန်နှင့်ထိစပ်နေပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိသည့်နေရာဖြစ်သည်။ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ပျက်စီးမှုအခြေနေကို မဇ္ဈိမမှ သွားရောက် မှတ်တမ်းတင်ရိုက်ကူးခဲ့သည်။ အဆိုပါပစ်ခတ်မှုကြောင့် နေအိမ် ၁၃ လုံးပျက်စီးကာ နေအိမ်တလုံး မီး လောင်ပျက်စီးခဲ့သည်။

မတ်လ ၂၅ ရက်နေ့မှစပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်၊ သင်္ဃန်ညီနောင်ရဲစခန်း၊ ကော့ကရိတ်မြို့၊ ကျုံးဒိုး၊ ငါးတိုင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအခြေစိုက်သည့် နေရာအများအပြားကို ကရင်လက်နက် ကိုင်ပူးပေါင်းတပ်ဖွဲ့မှ တပြိုင်နက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှအထိနာကာ လက်နက်ကြီးများ၊ လေ ကြောင်းပစ်ကူများကို အလွန်အကျွံသုံးကာ ဒေသခံကျေးရွာများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သိရသည်။

ရိုက်ကူး - ဟန်ထူးဇော်/မာဝီ
တည်းဖြတ် - ဟန်ထူးဇော်
တင်ဆက် - ဟန်ထူးဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required