မြန်မာ့အရေးကို ကမ္ဘာက ပိုသိအောင်  We Are the World ပြန်ဆိုတေးဖြင့် ချင်းလူငယ်များကလှုံ့ဆော် (ရုပ်/သံ)

By စန်းကျိန် (မဇ္ဈိမ)
25 March 2023
မြန်မာ့အရေးကို ကမ္ဘာက ပိုသိအောင်  We Are the World ပြန်ဆိုတေးဖြင့် ချင်းလူငယ်များကလှုံ့ဆော် (ရုပ်/သံ)

''တချို့လူတွေက မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ အခုထိတောင် မသိသေးဘူး။

ဒါပေမယ့် ဒီပြန်ဆိုထားတဲ့သီချင်းကြောင့် ကမ္ဘာက မြန်မာမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ပိုသိလာတယ်။''လို့ အဆိုတော် SHINBIA က ပြောပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိအောင်နဲ့ ကမ္ဘာကြီးအနေနဲ့ တညီတညွတ်တည်း ပူးပေါင်းပြီး မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး အခွင့်အရေးပေးနိုင်ဖို့ ရည်ရွယ်ပြီး We are the World ဆိုတဲ့ ကမ္ဘာကျော်သီချင်းကို ချင်းလူငယ်တွေက ပြန်ဆိုခဲ့ကြပါတယ်။

“We Are the World” သီချင်း ပြန်ဆိုတဲ့ Chinlung Chuak Artist အဖွဲ့ကို NUG ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၁၁ ရက်နေ့မှာ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ 

မြန်မာ့အရေးကို ကမ္ဘာက ပိုသိအောင်လှုံ့ဆော်ပေးတဲ့ ဒီသတင်းအကြောင်းကို မဇ္ဈိမသတင်းထောက် စန်းကျိန်က တင်ဆက်ပေးထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required