လောင်းလုံးတွင် အဖမ်းအဆီးကြမ်းနေသည့်ကြားမှ လူထုသပိတ်ပြန်လုပ် 

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
23 March 2023
လောင်းလုံးတွင် အဖမ်းအဆီးကြမ်းနေသည့်ကြားမှ လူထုသပိတ်ပြန်လုပ် 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အဖမ်းအဆီးကြမ်းနေသည့်ကြားက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်ကို မတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းတွင် မြို့ပေါ် တစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သပိတ်ကော်မတီထံမှ သိရသည်။ 

အဆိုပါ သပိတ် လှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ ဦးဆောင်ခဲ့ပြီး “လွတ်‌မြောက်မှုအတွက် ရုန်းကန်၊ လက်နက်မဲ့ လူထု အားမာန်” ဘန်နာနှင့် ချီတက် လှုပ်ရှားခဲ့သည့်ဟု ဆိုသည်။ 

လောင်းလုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် နောက်ဆုံးဆန္ဒပြခဲ့အပြီး မတ်လ ၁၈ ရက်တွင် နေအိမ်တစ်လုံးဝင်ရောက်စီးနင်းခံရကာ ကွန်ပျူတာ၊ မိတ္တူကူးစက်၊ ပရင်တာ (Printer) နှင့် ဆိုင်ကယ်တစ်စီးတို့ သိမ်းဆည်းခံခဲ့ရသည်။ 

မတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခံရသည့်အပြင် ပြည်သူပိုင် နေအိမ် ၁၅၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly