ကရင်နီ စစ်ဘေးရှောင်တွေ ယားနာဝေဒနာ ကူးစက်ခံစားနေရ (ရုပ်သံ) 

ကရင်နီ စစ်ဘေးရှောင်တွေ ယားနာဝေဒနာ ကူးစက်ခံစားနေရ (ရုပ်သံ) 

ကရင်နီ(ကယား)ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အရေးပေါ် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေ ယားနာဝေဒနာ ကူးစက်ခံစားနေရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ HOPE - The Humanitarian Organization တာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်မှုကြောင့် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်မိသားစုတွေဟာ မိုးကာတဲငယ်လေးတွေမှာ လူဦးရေထူထပ်စွာ နေထိုင်နေကြရပါတယ်။ ရေရှားပါးမှုကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းတဲ့အပြင် လဲလှယ်ဝတ်ဆင်ဖို့ အဝတ်အထည် အပိုမရှိတာကြောင့် စစ်ဘေးရှောင်မိသားစုတွေမှာ ယားနာဝေဒနာတွေ ကူးစက်ခံစားနေကြရတာပါ။ 

ကရင်နီပြည်နယ်မှာ ယားနာဝေဒနာ ကူးစက်ခံစားနေရတဲ့ ရာနှင့်ချီတဲ့ စစ်ဘေးရှောင်‌‌တွေအတွက် ဆေးဝါး၊ သောက်သုံးရေ၊ နေရာထိုင်ခင်းတွေ ကူညီမှုပေးနေပြီး အလှူရှင်တွေရဲ့ကူညီမှု‌တွေလည်း လိုအပ်နေတယ်လို့ HOPE အဖွဲ့ကပြောပါတယ်။  

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required