တရုတ်၏ တန်းတူညီမျှမှုမရှိသော ပညာရေးစနစ်က စီးပွားရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်

By ANI 
15 March 2023
တရုတ်၏ တန်းတူညီမျှမှုမရှိသော ပညာရေးစနစ်က စီးပွားရေးအတွက် ဆိုးကျိုးဖြစ်စေနိုင်

တရုတ်တွင် တန်းတူညီမျှမှုမရှိသော ပညာရေးစနစ်နှင့် အလုပ်လုပ်နိုင်သူဦးရေကျဆင်းမှုများက စီးပွားရေး ရည်မှန်းချက်များကို ပြီးမြောက်အောင်လုပ်ဆောင်ရာတွင် ထိုးနှက်ချက်များဖြစ်နေကြောင်း အမေရိကန် လွှတ် တော်ကော်မတီက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု အင်ဒိုပစိဖိတ်မဟာဗျူဟာ ဆက်သွယ်ရေး ဗဟိုဌာန (IPCSC) က ဖော်ပြသည်။

ကမ္ဘာ့စစ်ရေးနှင့် စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်နေရာကို တရုတ်က အစားထိုးရန် ရည်မှန်းထားသော်လည်း ပညာရေးမျက်နှာစာတွင် တရုတ်၌ ကျေးလက်နှင့် မြို့ပြကွဲပြားမှုသည် စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာနယ်ပယ်များတွင် အမေရိကန်ကို ကျော်လွန်သွားရန် မဖြစ်နိုင်သေးကြောင်း ၂၀ဝ၀ ပြည့်နှစ်တွင် ကွန်ဂရက်က တည်ထောင်ခဲ့သော လွတ်လပ်သော အဖွဲ့အစည်းဖြစ်သည့် အမေရိကန်-တရုတ်စီးပွားရေးနှင့် လုံခြုံရေး ပြန်လည်သုံးသပ်ရေးကော်မရှင်က ပြောကြားခဲ့သည်။ 

ကျေးလက်ဒေသရှိ တရုတ်ကျောင်းသားများသည် ဆင်းရဲသော ဆရာ၊ ဆရာမများ၊ အာဟာရချို့တဲ့မှုနှင့် အသွားအလာ ပြဿနာများနှင့် ရုန်းကန်နေရသော်လည်း မြို့ပြရှိ ပညာရေးသည် ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှုအပေါ် အလေးအနက်ထားကာ လူငယ်များကို အသိပညာနှင့် ကျွမ်းကျင်မှုများ ပေးနိုင်ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်ဆွေးနွေးမှုကို ကိုးကား၍ IPCSC က ဖော်ပြသည်။

ထို့ပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်သောပြည်နယ်များရှိ အထက်တန်းကျောင်းသူ၊ ကျောင်းသားများသည် သိပ္ပံနှင့် သင်္ချာဘာသာရပ်တွင် ပိုမိုထူးချွန်ကြပြီး အရည်အချင်းပြည့်မီသော ပညာရေးကို ရရှိကြသော်လည်း စီးပွားရေး ဖွံ့ဖြိုးမှုနည်းသော ပြည်နယ်များတွင်မူ မြို့ပြဒေသများတွင်ပင် အဆင့်မြင့်မားသောပညာရေးရရှိရန် ကွာဟချက်များ ရှိကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်ဆွေးနွေးမှုတွင် ဖော်ပြခဲ့သည်။ 

ကျေးလက်နေကျောင်းသားများသည် တရုတ်ကျောင်းသားအားလုံး၏ ၃ ပုံ ၂ ပုံ ခန့်ရှိသော်လည်း ကျေးလက်နှင့် မြို့ပြကွာခြားမှုသည် သိသာထင်ရှားဆဲဖြစ်ကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်က ဆိုသည်။

စီးပွားရေးနှင့် လူ့အဖွဲ့အစည်းများ တိုးတက်မြင့်မားလာစေရန် နိုင်ငံတကာတွင် အဆင့်မြင့်နည်းပညာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် လက်ရှိတရုတ်ပညာရေး အရည်အသွေးနှင့် ပတ်သက်၍ တရုတ်တွေးခေါ်ပညာ ရှင်များက စိုးရိမ်ပူပန်နေကြောင်း IPCSC ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။

ပညာရေးသည် လုပ်သားအင်အား၏ အရည်အသွေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေချိန်မှာ သက်ကြီးရွယ်အိုများလာသည့် ပြဿနာများကို ဖြေရှင်းနေရသော နိုင်ငံအတွက် အရေးပါလာသော တရုတ်၏ အလိုအလျောက်ထုတ်လုပ်မှုစနစ်သို့ ကူးပြောင်းမှုကို  လုပ်သားအင်အား အများစုက စီမံခန့်ခွဲနိုင်ခြင်း မရှိပေ။

ကုလသမဂ္ဂ၏ ၂၀၂၂ ခုနှစ် ဇူလိုင်လ ခန့်မှန်းချက်အရ တရုတ်လူဦးရေသည် ၂၁၀ဝ ပြည့်နှစ်တွင် သန်း ၄၀ဝ အောက်သို့ ကျဆင်းသွားဖွယ်ရှိသည်။

တရုတ်၏ သာမန်ထက်လွန်ကဲသောစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကာလ ကုန်ဆုံးတော့မည့် ပုံပေါ်နေသည်မှာ စိတ်မကောင်းစရာဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required